7 ရက် - ဘာသာပြန်ပါ။

အာဆင်နယ်နှင့်ပွဲတွင် နည်းဗျူဟာညွှန်ကြားမှုကို ကစားသမားများရဲ့ ဂရုမစိုက်ခြင်းခံခဲ့ရတဲ့ အိုင်ဂေါ်ကျူဒို
======================
စပါးစ်နည်းပြသစ်အိုင်ဂေါ်ကျူဒိုဟာ အာဆင်နယ်အား ရှုံးနိမ့်တဲ့ ပထမဆုံးစပါးစ်အား ကြီးကြပ်တဲ့ပွဲတွင် ကွင်းဘေးစည်းနားတွင် အကြီးအကျယ်ဒေါသထွက်နေခဲ့တာ တွေ့ရပြီး ယင်းပွဲတွင် သူ့ရဲ့ နည်းဗျူဟာပိုင်း ညွှန်ကြားမှုများကို ကစားသမားများရဲ့ ဂရုမစိုက်ခြင်းကြုံခဲ့ရပါတယ်။

စပါးစ်ဟာ အိုင်ဂေါ်ကျူဒို ပထမဆုံးကိုင်တွယ်တဲ့ပွဲတွင် Tottenham Hotspur Stadium မှာ မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်အား ၄-၁ ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။

အိုင်ဂေါ်ကျူဒိုဟာ ပြီးခဲ့တဲ့အပတ်တုန်းက ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ သောမတ်စ်ဖရန့်နေရာတွင် ရာသီအကုန်အထိ စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပြီး အာဆင်နယ်ရှုံးပွဲကြောင့် တန်းဆင်းဇုန်နှင့် ၄ မှတ်အကွာသို့ ရောက်လာပါတယ်။

မနေ့ညတုန်းက ဒါဘီပွဲစဉ်တွင် အိုင်ဂေါ်ကျူဒိုဟာ ကွင်းဘေးစည်းနားတွင် နောက်တန်းကစားသမား ၃ ဦးဖြစ်တဲ့ ဂျာအိုပယ်ဟင်ဟာ၊ ရာဒူးဒရာဂူဆင်၊ မစ်ကီဗန်ဒီဗန်တို့အား ရှေ့တက် ကစားရန် အော်ဟစ်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း စပါးစ်ကစားသမားများဟာ လာဇီယိုနည်းပြဟောင်းရဲ့ အော်ဟစ်မှုအား ဂရုမစိုက်ဘဲခြင်း မရှိခဲ့ပါဘူး။

ပွဲအပြီး အချက်အလက်များတွင်လည်း စပါးစ်ကစားသမားများဟာ အာဆင်နယ်ဧရိယာသို့ ဝင်ရောက်ခြင်း နည်းပါးခဲ့ကာ ခံစစ်ကိုသာ အာရုံစိုက်ကစားခဲ့ကြတာ တွေ့ရပါတယ်။

အထူးသဖြင့် မစ်ကီဗန်ဒီဗန်မှာ ခြောက်ကိုက်စည်းအစပ်တွင် ရှိနေခဲ့တာ အများဆုံး ဖြစ်ကြောင်း တွေ့ရပါတယ်။

စပါးစ်ဟာ အာဆင်နယ်ဧရိယာအတွင်းတွင် ဘောလုံးထိမှု ၉ ကြိမ်တည်းသာ ရှိခဲ့ပြီး ကိုလိုမူအာနီက ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ပွဲအပြီးတွင် မာဆေးနှင့် ဂျူဗင်တပ်နည်းပြဟောင်းက ၎င်းရဲ့အသင်းမှာ အကျင့်ဆိုးများကို ဖျောက်ရန် လိုအပ်နေကြောင်း ဆိုသွားပါတယ်။

၎င်းက "အသင်းရဲ့တကယ့်အစစ်အမှန်ကို သိပါတယ်။ အခု အစစ်အမှန်ကို မြင်လိုက်ရပါပြီ။ မကောင်းမွန်ပါဘူး။ ဒါပေမယ့် ဖြစ်နေပါတယ်။ အပြည့်အဝယုံကြည်မှုတော့ ရှိပါတယ်(တန်းမဆင်းရဖို့)။ ကျွန်တော်တို့မှာ အမူအကျင့်ဆိုးတွေရှိနေတဲ့ ကစားသမားကောင်းတွေ ရှိနေပါတယ်။ ကျုပ်တို့မှာ အရည်အသွေး မရှိဘူးလို့ ဘယ်သူမှ ပြောလို့ မရပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ လုပ်ရမယ်။ ပထမမိနစ်ကစပြီး ပွဲထဲမှာ စိတ်နှစ်ထားဖို့ စိတ်ပိုင်းဆိုင်ရာထက်မြက်မှု လိုအပ်တယ်။ ကြံ့ခိင်မှုပိုင်းလည်း ဒီလိုပါပဲ။ ကြံ့ခိုင်မှုပိုင်းအတွက် အလုပ်ကြိုးစားဖို့ လိုတယ်။ မဟုတ်ရင်တော့ ပြဿနာ ဖြစ်လာပါမယ်။ ကစားသမားတွေအများကြီးမှာ ပြဿနာတွေ ရှိတယ်"လို့ ပြောကြားသွားပါတယ်။

image