အမြင်အာရုံကို ကောင်းမွန်စေတဲ့ ပျဉ်းတော်သိမ်ရွက်၏ အစွမ်းထက် အာနိသင်များ
ပျဉ်းတော်သိမ်ရွက်ဟာ အိန္ဒိယဟင်းလျာတွေမှာ မပါမဖြစ်ထည့်သွင်းချက်ပြုတ်လေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။
အသားဟင်းတွေ၊ ပဲဟင်းနဲ့ သတ်သတ်လွတ် ဟင်းလျာတွေထဲမှာ ထည့်သွင်း ချက်ပြုတ်လေ့ ရှိပါတယ်။
ပျဉ်းတော်သိမ်ရွက်က နှလုံးရောဂါကို ကာကွယ်ပေးနိုင်သည့်အပြင် မှတ်ဉာဏ်ကိုပါ ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
ပျဉ်းတော်သိမ်ရွက်တွင် ဗီတာမင်အေ၊ စီ၊ B1၊ B2၊ သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်များ ပါ၀င်ပါတယ်။ ပျဉ်းတော်သိမ်ရွက်တွင် ဓာတ်တိုးဆန့်ကျင်အာနိသင်တွေလည်း ပါဝင်ပါတယ်။
ထို့ပြင် (အမိုင်နိုအက်ဆစ်)များစွာ ပါ၀င်ပြီး ထိုအက်စစ်များကြောင့် အစားအသောက်များအား မွှေးကြိုင်သောရနံ့ ဖြစ်စေပြီး ရောဂါအမျိုးမျိုးတို့အား ကာကွယ်ပေးနိုင်ပါတယ်။
ဆူပွက်နေသော ရေနွေးတစ်ခွက်တွင် ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို လက်ဖက်ခြောက်ကဲ့သို့ နှပ်ပြီး ပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ၀မ်းမှန်စေပါသည် ။
ဒူလာသွေး၀မ်းနှင့် လိပ်ခေါင်းသွေးကျခြင်းများအတွက် ပျဉ်းတော်သိမ် အရွက်ကို စားပေးပါက သက်သာစေပါတယ်။
ပျဉ်းတော်သိမ်အရွက်ဟာ ဗီတာမင်အေ များစွာပါ၀င်ပါတယ်။ ပျဉ်းတော်သိမ်အရွက် ကြိတ်သောအရည်ကို သောက်ပေးခြင်း (သို့မဟုတ်) အစိမ်းလိုက် တို့စရာအဖြစ် စားပါက မျက်စိအမြင် ကြည်လင်စေပါတယ်။
ဆီးချို၊ သွေးချို ရောဂါအတွက် နေ့စဉ် နံနက် အိပ်ရာထပြီး အစာမစားမီ လက်ဆတ်သော ပျဉ်းတော်သိမ် (၁၀) ရွက်ခန့် စားပေးပါက သက်သာစေနိုင်ပါတယ်။
ပျဉ်းတော်သိမ်ရွက်က အရေပြားထိန်းသိမ်းရာမှာလည်း အထောက်အကူပြုပါတယ်။
ပျဉ်းတော်သိမ်း အရွက်ကို ကြိတ်ထားတဲ့အနှစ်ကို အပူလောင်နာ၊ ပြတ်ရှဒဏ်ရာ၊ အရေပြားပေါ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အင်းဆက်ပိုးမွှားတွေ ကို,က်တဲ့ ဒဏ်ရာတွေပေါ်မှာ အသုံးပြုပေးမယ်ဆိုရင်
အနာကျက်မြန်မြန်ကျက်စေမှာဖြစ်သလို အနာကိုပိုးမဝင်အောင်လည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
ပျဉ်းတော်သိမ်ရွက်၏ ဆေးဖက်ဝင်ပုံများကို ဗဟုသုတ အနေဖြင့် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်...။