1 ပတ် - ဘာသာပြန်ပါ။

ရေကို ဘယ်အချိန်တွေမှာ သောက်သင့်သလဲ
ကျွန်တော်တို့တတွေဟာ ရေသောက်တဲ့အခါ အများအားဖြင့် ရေဆာမှသာ သောက်လေ့ရှိကြပါတယ်။ ဒါက မှားယွင်းတဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူး။
သိုပေမယ့် ရေကို ရေဆာမှ သောက်တာမျိုး မဟုတ်ပဲ စနစ်တကျ သောက်သုံးမယ်ဆိုရင် ကျန်မာရေးအတွက် အများကြီး အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။
ယခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ရေကို ကျန်းမာရေးအတွက် ပိုပြီးအထောက်အပံ့ ရရှိအောင် စနစ်တကျ သောက်သုံးနည်းပဲ ဖြစ်ပါတယ်။
ကျန်းမာရေးအတွက် စနစ်တကျ ရေသောက်နည်း.....
(၁) တစ်ညတာလုံး ငြိမ်သက်နေတဲ့ ခန္ဓာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ယာ ထတာနဲ့ ရေ ၂ - ခွက် သောက်ပေးရပါမယ်။
(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် နာရီ၀က်ကြိုတင်၍ ရေ ၁ - ခွက် သောက်ပေးရပါမယ်။
(၃) သွေးခုန်နှုန်း မှန်စေရန်နဲ့ သွေးကျစေဖို့
ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။
(၄) လေဖြတ်/ နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁ - ခွက် သောက်ပေးရပါမယ်။
(၅) အိပ်ပျော်နေစဉ် ခြေသလုံး ကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေတစ်ခွက် သောက်ပေးပါ။
ဒီအချက်တွေက စနစ်ကျတဲ့ ရေသောက်နည်းတွေပါပဲ။ ဒါ့အပြင် ရေ မသောက်သင့်တဲ့ အချိန်ဆိုတာလည်း ရှိပါသေးတယ်။
ဆက်ပြီး လေ့လာ ကြည့်လိုက်ပါဦး။
အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးလေး သောက်တဲ့အခါ ဟင်းလျာထဲမှာ ပါရှိတဲ့ အဆီအနှစ်တွေကရေခဲရေနဲ့ တွေ့ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွှံစေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး အစာကောင်းစွာ မချက်နိုင်တော့ပဲ အူက,.င်ဆာ ဖြစ်လာနိုင်စေပါတယ်။
ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေ သောက်လိုက်တဲ့ အခါများမှာလည်း အပူအအေး တပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက် ဖြစ်စေပါတယ်။
အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်စစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့် စေပါတော့တယ်။
ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ ရေအေးတို့ဖြင့် မျှောမချပဲ ဟင်းချိုပူပူ (သို့မဟုတ်) ရေနွေးဖြူ (သို့မဟုတ်) ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင် မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ကျော်ကြာမှသာ သောက်ရေအေး သောက်ကြပါရန် အမေရိကန် ကျန်းမာရေး သုတေသီများက Daily Health Tips ( ခေါ် ) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်......။
with respect - credit

image