(၁၅) နှစ်တိုင်တိုင် ဒူးနာဝေဒနာ ခံစားလာရတာ... ဆေးမျိုးစုံသောက်၊ အကြောအသာမျိုးစုံပြပြီး နောက်ဆုံးမှ ဒီနည်းလမ်းလေးနဲ့ သက်သာသွားလို့ ကိုယ်တွေ့ပြန်လည်မျှဝေပေးချင်ပါတယ်။ 🙏
အသက်ရလာတာရယ်၊ ကိုယ်အလေးချိန်တက်လာတာရယ်ကြောင့် ဒူးဆစ်ကြားက အရိုးနုလေးတွေပါးပြီး အရိုးချင်းပွတ်မိရာကနေ ဒူးနာတာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာပါ။
နိုင်ငံခြားဆေး၊ လိမ်းဆေး၊ သောက်ဆေး၊ ဒူးဆစ်ထဲ ဆေးထိုးတာအထိ လုပ်ခဲ့ဖူးပေမယ့် ခဏပဲသက်သာပြီး ပြန်ပြန်ဖြစ်ပါတယ်။ အခုတော့ (၃) ရက်ခန့် ဒီနည်းလမ်းအတိုင်း လုပ်ကြည့်လိုက်တာ မနက်နိုးရင် ဒူးတောင့်တာမျိုးမရှိတော့ဘဲ လမ်းလျှောက်ရတာ သိသိသာသာ ပေါ့ပါးလာပါပြီ။
အိမ်မှာတင် လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ နည်းလမ်းမို့ ဒူးနာတတ်တဲ့ မိတ်ဆွေများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
လိုအပ်သော ပစ္စည်းများ
၁။ နဂျီအိမ် (မြေသားနဂျီအိမ် အဟောင်း/အလွတ်)
၂။ သံပုရာသီး
၃။ ဗာဒံရွက် (ဗန်ဒါရွက်)
၄။ ဒူးစွပ်
ပြုလုပ်ပုံအဆင့်ဆင့်
(၁) နဂျီအိမ် မြေသားခဲလေးတွေကို ယူပြီး ညက်နေအောင် အရင်ထုချေပါ။
(၂) ရလာတဲ့ အမှုန့်ထဲ သံပုရာရည်ညှစ်ထည့်ပြီး ပျစ်ပျစ်လေးဖြစ်အောင် ဖျော်ပေးပါ။ (လိမ်းရလွယ်မယ့် အနေအထားပါ)
(၃) ဒူးနာနေတဲ့နေရာတွေကို နှံ့စပ်အောင် ပွတ်လိမ်းပေးပါ။
(၄) ဆေးလိမ်းထားတဲ့အပေါ်ကနေ ဗာဒံရွက်အုပ်ပြီး ဒူးစွပ် စွပ်ထားလိုက်ပါ။
သတိပြုရန်
ကျွန်တော်ကတော့ တစ်နေ့ကို (၂) ကြိမ်၊ (၃) ကြိမ်ခန့် လုပ်ပါတယ်။ ဗာဒံရွက်မကပ်၊ ဒူးစွပ်မစွပ်ဘဲ ဆေးလိမ်းရုံသီးသန့်လည်း လုပ်ပေးပါတယ်။
လုံးဝအမြစ်ပြတ်သွားတယ်လို့ မဆိုလိုပေမယ့် ရောဂါရင့်နေသူတောင် (၃) ရက်အတွင်း သိသိသာသာ သက်သာလာလို့ လက်တွေ့စမ်းကြည့်သင့်တဲ့ နည်းလမ်းကောင်းပါ။
ဘဝတူ ဒူးနာမိတ်ဆွေများ အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။🙏
ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏