ပုသိမ်ပညာရေးဒီဂရီကောလိပ်အား ပုသိမ်ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် ၂၀၂၆ ခုနှစ်အတွင်း တိုးမြှင့်မည်
၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်အဖြစ်မှ ပုသိမ်ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့သည်။
သို့ဖြစ်ရာ ကောလိပ် နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့်အထက်တန်းပြဆရာ၊ ဆရာမ အခွင့်အလမ်းများရှိသည့်အတွက် ကြိုးစားသင်ယူကြစေလိုကြောင်း ၄င်းက ဆိုသည်။
ထို့ပြင် ပညာရေး၀န်ကြီးဌာနအနေဖြင့် ဆရာ၊ဆရာမများအား မိမိတို့၏ဒေသကို ဦးစားပေးတာ၀န်ချထားမည်ဖြစ်သော်လည်း မိမိတို့ကျရာ တာ၀န်ကျေပွန်စွာထမ်းဆောင်မည့် ခံယူချက်ကောင်းများထားရှိကြရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားလဲ့သည်။
ဆရာဆရာမလောင်းများအနေဖြင့် ဆရာဆရာမဖြစ်လာမည့်သူများဖြစ်၍ မိမိတို့ကိုယ်တိုင် ကျောင်းသားများ၏စံပြဖြစ်အောင် နေထိုင်မှသာ ကျောင်းသား ကျောင်းသူများ၏ ရိုသေလေးစားမှုကိုရရှိနိုင်မည် ဖြစ်ပါကြောင်း ဒေါက်တာချောချောစိန်က ပြောကြားခဲ့သည်။