4 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ်ကို လိုက်မီကာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်တယ်လို့ ဗီလာတိုက်စစ်မှူးအေဘရာဟမ်ပြောကြားလာ
=====================
ဗီလာတိုက်စစ်မှူးတမ်မီအေဘရာဟမ်က အက်စတွန်ဗီလာမှာ ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပြီး အာဆင်နယ်ကို လိုက်မီကာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်သေးကြောင်း ပြောကြားလာပါတယ်။

အေဘရာဟမ်ဟာ စနေနေ့တုန်းက လိဒ်နှင့် ၁ ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် ဗီလာအတွက် ချေပဂိုးအား ၈၈ မိနစ်တွင် သွင်းယူကာ ကယ်တင်ပေးခဲ့ပါတယ်။

ဗီလာဟာ လိဒ်နှင့် သရေကျမှုကြောင့် အာဆင်နယ်နှင့် ရမှတ် ၇ မှတ်ကွာဟနေပါတယ်။

ဒါပေမယ့် လက်ကျန် ၁၁ ပွဲကစားရဦးမည်ဖြစ်ရာ အေဘရာဟမ်က ဗီလာမှာ ထိပ်ဆုံးမှ အာဆင်နယ်ကို လိုက်မီနိုင်သေးတယ်လို့ ပြောကြားလာပါတယ်။

အသက် ၂၈ နှစ်ရှိ အေဘရာဟမ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့တွင် ရိုးမားမှ ဗီလာသို့ ဒုတိယအကြိမ်မြောက် ပြောင်းလာပြီးနောက် ၅ ပွဲကစားထားရာတွင် ၂ ဂိုးသွင်းထားနိုင်ပါတယ်။

အေဘရာဟမ်က "အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူ သိလဲ။ ကျွန်တော်တို့ဟာ ထိပ်ဆုံးမှ အာဆင်နယ်နဲ့ သိပ်မဝေးကွာပါဘူး။ ကံဆိုးစွာဘဲ ဒီနေ့ နိုင်ပွဲ မရယူနိုင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဆက်တွန်းအားပေးရမယ်"လို့ ပြောကြားသွားပါတယ်။

ဗီလာဟာ ၁၉၈၀-၈၁ ရာသီနောက်ပိုင်းတွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလာခြင်း မရှိပါဘူး။

image