2 ပတ် - ဘာသာပြန်ပါ။

သင်္ဃန်းကျွန်းတွင် ယနေ့နံနက်ပိုင်းက တိုက်ခန်းမီးလောင်မှု​ဖြစ်ပွား၍ အမျိုးသားကြီးတစ်ဦး သေဆုံး

ဖေဖော်ဝါရီ ၂၂
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ်(၁၀)လမ်း အပိုင်း(၂)ရှိ နှစ်ခန်းတွဲ၊ ခြောက်ထပ်၏ ပထမထပ်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၅ နာရီ ၂၅ မိနစ်ခန်ံ့က မီးလောင်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသားကြီးတစ်ဦး သေဆုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

နှစ်ခန်းတွဲ၊ ခြောက်ထပ်တိုက်ရှိ အလျား ၁၀ ပေ၊အနံ ၅၈ ပေရှိ ပထမထပ်တွင် စက်ဘီးပစ္စည်းအဟောင်းများထားရှိရာအခန်း၌ အဲယားကွန်းဖွင့်ထားစဥ် Safeguard အပူလွန်ကဲကာ မီးပွားထွက်ရာမှ အောက်တွင်ရှိသော ခန်းစီးလိုက်ကာပေါ် မီးပွားကျ၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ်​ဆေးသူများထံမှသိရသည်။

၁၇ မိနစ်ကြာလောင်ကျွမ်းသော မီးလောင်မှုကြောင့် အသက် ၅၃ နှစ်အရွယ် ဦးမျိုးမင်းထွန်းမှာ မီးခိုးမွှန်၍ သေဆုံးခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသားကြီးတစ်ဦးတွင်လည်း မီးခိုးမွန်ကာ သတိလစ်နေ (မစိုးရိမ်ရ)သဖြင့် အေးချမ်းဖြူစင် မေတ္တာရှင် လူမှုကူညီရေးအသင်းယာဥ်ဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

မီး​လာင်မှု​ကြောင့် အဲယားကွန်း၊ ဆောင်းဘောက်စ်၊စက်ဘီးအဟောင်းပစ္စည်း၊ တာယာများ၊ တံခါးနှစ်ချပ်လည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ​ခြောက်စီး၊ ရေသယ်ယာဥ် တစ်စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၅နာရီ ၄၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သေဆုံးခဲ့သော အမျိုးသားကြီးကို ရွှေဥက္ကလာလူမှုကူညီရေးအသင်းယာဥ်ဖြင့် စံပြဆေးရုံသို့ ပို့အပ်ထားကြောင်း သိရသည်။

အမျိုးသားတစ်ဦးသေဆုံးခဲ့သော တိုက်ခန်းမီးလောင်မှုကြောင့် သေဆုံးသူ ဦးမျိုးမင်းထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က ၊ ၂၈၅ဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

#သင်္ဃန်းကျွန်း #မီးလောင် #သေဆုံး #ဒဏ်ရာရ #သတိလစ် #mt #mtnews #myanamrtransparency

image
image
image
image