2 ပတ် - ဘာသာပြန်ပါ။

ဖိအားမခံနိုင်ပါက အခြားကလပ်တစ်ခုသို့ သွားကစားရန် အာဆင်နယ်စတားများကို အာတီတာ ပြောကြားလာ

ဖေဖော်ဝါရီ ၂၂

အာဆင်နယ်နည်းပြမီခေးလ်အာတီတာက ကစားသမားများအနေဖြင့် ဆူညံသံကို ကိုင်တွယ်နိုင်ခြင်း မရှိပါက အခြားကလပ်တစ်ခုတွင် သွားကစားကြရန် ပြောကြားလာပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအား ၂ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပြီး ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပထမဆုံးအမှတ်ပေးဖလား ဆွတ်ခူးရေး တိုက်ပွဲဝင်နေပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရရှိပြီးနောက် မန်စီးတီးအား ၂ မှတ်တည်းသာ ဖြတ်လာနိုင်တာ ဖြစ်ပါတယ်။

၎င်းတို့ဟာ ယနေ့ညတွင် အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှ မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်အား အဝေးကွင်းသို့ သွားရောက် ကစားရပါမယ်။

အာဆင်နယ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ရာသီဆက် ချန်ပီယံဖြစ်ရေး အခြေအနေကောင်းခဲ့ပေမယ့် ရာသီနှောင်းပိုင်းတွင် ရလဒ်မကောင်းမှုကြောင့် လီဗာပူး၊ မန်စီးတီးတို့အား ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပါတယ်။

အာတီတာက "သူတို့(ကစားသမားတွေ)ကို ဆူညံသံရဲ့အစိတ်အပိုင်းဖြစ်ချင်လား မဖြစ်ဘူးလားဆိုတာ မေးနိုင်တယ်။ မဖြစ်ချင်ဘူးဆိုရင်တော့ သွားတော့။ အခြားကလပ်တစ်ခုမှာပဲ သွားကစားချေ။ လူတိုင်းက အမှတ်ပေးဖလားအတွက် ကျွန်တော်တို့ကို တိုက်ပွဲဝင်ဖို့ ၁၀ နှစ်၊ ၁၅ နှစ်လောက် တောင်းဆိုလာကြတယ်။ အခု ကျွန်တော်တို့ အဲဒီနေရာမှာ ရှိနေတယ်။ ဒီတော့ ဆူညံသံနဲ့ မကြုံချင်ဘူးလား။ ဆူညံသံက ဒါရဲ့အစိတ်အပိုင်းတစ်ရပ်ပါ။ ကျည်ဆန်တွေက ဒါတွေရဲ့အစိတ်အပိုင်းတစ်ရပ်ပါ။ ဒါကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ကိုင်တွယ်ရမယ်။ ကိုယ်ရည်မှန်းထားတာ ဖြစ်အောင် လုပ်ရမယ်"လို့ ပြောကြားသွားပါတယ်။

imageimage