8 ပတ် - ဘာသာပြန်ပါ။

ICE ရဲ့ ပစ်ခတ်မှုများကြောင့် အမေရိကန်ခရီးစဉ်ကို ဖျက်သိမ်းလာတဲ့ ဝါဒါဘရီမင်

ဖေဖော်ဝါရီ ၂၂

ဂျာမန်ကလပ် ဝါဒါဘရီမင်ဟာ Immigration and Customs Enforcement (ICE) အရာရှိများရဲ့ ပစ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးခဲ့ရပြီးနောက် အမေရိကန်ခရီးစဉ်ကို ဖျက်သိမ်းလာပါတယ်။

ဘွန်ဒက်စ်လီဂါကလပ်ဟာ မေလတွင် မန်နီဆိုတာ၊ ဒီထရွိုက်သို့ သွားရောက်ကာ ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့လတုန်းက Immigration and Customs Enforcement (ICE) က Operation Metro Surge အစီအစဉ်အတွင်း အမေရိကန်နိုင်ငံသားများဖြစ်ကြတဲ့ အဲလက်စ်ပရက်တီ၊ ရီနီဂုဒ်တို့ သေဆုံးခဲ့ပြီးနောက် အမေရိကန်နိုင်ငံတလွှား ဆန္ဒပြသပိတ်မှောက်မှုများ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဝါဒါဘရီမင်ဟာ အားကစား၊ စီးပွားရေး၊ နိုင်ငံရေး အကြောင်းပြချက်များဖြင့် ခြေစမ်းပွဲများ ကစားမယ့် အစီအစဉ်အား ဖျက်သိမ်းလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဝါဒါဘရီမင်က ဘွန်ဒက်စ်လီဂါတွင် တန်းမဆင်းရရေး တိုက်ပွဲဝင်နေမှုကလည်း အမေရိကန်ခရီးစဉ်ကို ဖျက်ခဲ့ရတဲ့အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။

ဝါဒါဘရီမင်ဟာ နောက်ဆုံး ဘွန်ဒက်စ်လီဂါ ၁၂ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိကာ အမှတ်ပေးဇယားအဆင့် ၁၆ နေရာတွင် ရပ်တည်နေပါတယ်။

image