8 ပတ် - ဘာသာပြန်ပါ။

လီဗာပူးကို ကိုင်တွယ်ရန် သင့်တော်တဲ့ နည်းပြမဟုတ်လို့ ပြောဆိုခဲ့တဲ့ ဝိန်းရွန်းနီအား အန်းဆလော့ တုံ့ပြန်လာ

ဖေဖော်ဝါရီ ၂၂

လီဗာပူးနည်းပြအန်းဆလော့ဟာ ၎င်းအား လီဗာပူးနည်းပြအဖြစ် ကိုင်တွယ်ရန် သင့်တော်တဲ့ နည်းပြမဟုတ်ဘူးလို့ ပြောဆိုခဲ့တဲ့ ဝိန်းရွန်းနီအား တုံ့ပြန်ပြောဆိုလာပါတယ်။

ယူနိုက်တက်နှင့် အင်္ဂလန်စတားဟောင်းဝိန်းရွန်းနီဟာ ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပေမယ့် ယခုရာသီတွင် ရုန်းကန်ရပြီးနောက် အန်းဆလော့အား အပြင်းအထန် ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။

ရွန်းနီက ဆလော့မှာ ယခင်နည်းပြဂျာဂင်ကလော့ပ်ကဲ့သို့ ဆွဲဆောင်မှုမျိုး မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ကလော့ပ်မှာ လီဗာပူးနှင့်အတူ ချန်ပီယံလိဂ်၊ အက်ဖ်အေ၊ ပရီးမီးယားလိဂ်နှင့် လိဂ်ဖလားတို့ ရယူခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ရွန်းနီက လီဗာပူးအနေဖြင့် ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါက အန်းဆလော့အား ထုတ်ပယ်သင့်ကြောင်းလည်း ပြောကြားသွားပါသေးတယ်။

ယခုအခါ အန်းဆလော့က "တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်ပြောဆိုတာက လူတိုင်း လုပ်ခွင့်ရှိတဲ့အရာပါ။ ဒါပေမယ့် ဒီလို တစ်ယောက်နဲ့ တစ်ယောက် ခိုင်းနှိုင်းပြောဆိုတာက မှန်ကန်တဲ့လုပ်ရပ်လား။ ကျုပ်တို့အားလုံး ကွဲပြားကြတယ်။ ဂျာဂင်နဲ့ ကျွန်တော့်အကြား တူညီတာက နှစ်ဦးလုံး အမှတ်ပေးဖလား ရထားတယ်။ ဒါက သိပ်မဆိုးဘူးမဟုတ်လား။ နည်းပြတစ်ယောက်မှာ အနိုင်ပိုရလေလေ စိတ်အားထက်သန်မှု များလာလေလေပါ။ ဝိန်းရွန်းနီနဲ့ ခင်ဗျား သဘောထားတိုက်ဆိုင်သလား မဆိုင်သလား မသိပါဘူး။ ဒါပေမယ့် ပျမ်းမျှ ပြောရရင် လူတွေက ကျုပ်က ပြီးခဲ့တဲ့ရာသီတုန်းက ဒီရာသီထက် ပိုပြီးတော့ အရည်အချင်းရှိတယ်လို့ ပြောကြမှာပါ။ ဒါပေမယ့် သူတစ်ဦးတည်းကပဲ ဒီလိုအမြင်မျိုး ရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျုပ် မသိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ကြားဖူးတာပါ။ ဒါပေမယ့် ဂျာဂင်မှာ အရည်အချင်းတွေ ရှိတယ်လို့ ပြောတာကတော့ မျှတတယ်လို့ ထင်တယ်"လို့ ပြောကြားသွားပါတယ်။

လီဗာပူးဟာ ယခုရာသီတွင် ရုန်းကန်နေရတယ်ဆိုပေမယ့်လည်း နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၁၄ ပွဲတွင် ၂ ပွဲတည်းသာ ရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရန် အခြေအနေကောင်းနေတုန်း ဖြစ်ပါတယ်။

image