8 ပတ် - ဘာသာပြန်ပါ။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌအဖြစ် ဦးစောဟန်အေးဖြစ်လာပြီး ယခင်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က လူ့စွမ်းအားအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌအဖြစ် ရပ်တည်

ဖေဖော်ဝါရီ ၂၂
Written by Nay Yaung Lin

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌအဖြစ် ဦးစောဟန်အေးဖြစ်လာပြီး ယခင်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က လူ့စွမ်းအားအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း PPP ပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားမှုအရ သိရသည်။

ဦးစောဟန်အေးသည် မူလက PPP ပါတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်လာပြီး ရန်ကုန်မြို့ရှိ ပါတီဗဟိုရုံးချုပ်တွင် ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့သည့် လွှတ်တော်တက်ရောက်ကြမည့် လွှတ်တော််ကိုယ်စားလှယ်များအား လမ်းညွှန်အားပေးစကားပြောကြားမှုတွင် PPP ပါတီအဖြစ် ဥက္ကဋ္ဌအဖြစ် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၈ ရက်ကပြုလုပ်ခဲ့သည့် PPP ပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်များအတွက် လွှတ်တော်တွင်း အတွေ့အကြုံများ၊လွှတ်တော်ဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာတွင် ဒေါက်တာသက်သက်ခိုင်ကို လူစွမ်းအားအရင်းအမြစ်ကော်မတီဥက္ကဋ္ဌအဖြစ် ပါတီလူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ဒေါက်တာသက်သက်ခိုင်အပါအဝင် ဗဟိုအမှုဆောင်ကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ(ဟောင်း) ဒေါက်တာသက်သက်ခိုင်သည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂)ကနေ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်နှင့် ငြိစွန်းမှု​ကြောင့် ကိုယ်စားလှယ်လောင်းစာရင်းက ပယ်ဖျက်ခံခဲ့ရကြောင်း သိရသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)သည် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီ (၆) ခုအနက် တစ်ခုအပါအဝင်ဖြစ်‌ကြောင်း သိရသည်။

#ppp #ပြည်သူ့ရှေ့ဆောင်ပါတီ #ဒေါက်တာသက်သက်ခိုင် #လွှတ်တော် #ပါတီ #ရွေးကောက်ပွဲ #mt #mtnews #myanmartransparency

imageimage