8 ပတ် - ဘာသာပြန်ပါ။

အမေရိကန်ပြည်ထောင်စုတရားရုံးချုပ်က သမ္မတထရမ့်ပ်ရဲ့ သွင်းကုန်စည်းကြပ်မှု အခွန်အများစုကို တားမြစ်ပယ်ချပြီးနောက် ထရမ့်ပ်က ၁၀ ရာခိူင်နှုန်း အခွန်အသစ်ကို ထုတ်ဖော်ပြသ

ဖေဖော်ဝါရီ ၂၂
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က ဖေဖော်ဝါရီလ၂၀ ရက်မှာ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ရဲ့ ၂၀၂၅ ခုနှစ်က ကြေညာခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်စည်းကြပ်မှုအခွန်တွေက အများစုကို တားမြစ်ပယ်ချ တယ်လို့ ခြောက်မဲ-သုံးမဲနဲ့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ ထရမ့်ပ်က ၁၀ ရာခိုင်နှုန်း အခွန်အသစ်ကို ကောက်ခံမယ်အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။

ထရမ့်ပ် က တရားရုံးဆုံးဖြတ်ချက်ဟာ တရားရုံးက သမ္မတရဲ့အာဏာကို ကျော်လွန်လုပ်ဆောင်တာလို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ ကုန်သွယ်ရေးမူဝါဒကို ပယ်ချခဲ့တဲ့ တရားသူကြီးတွေကို မိုက်မဲတယ်လို့ ထရမ့်ပ်က ရှုတ်ချခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်က ကုန်သွယ်စည်းကြပ်ခွန် ကောက်ခံမှုတွေကို စိန်ခေါ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အမေရိကန်ပြည်နယ်တွေအတွက် အဓိကအောင်ပွဲတစ်ခုလည်းဖြစ်ပြီး အခွန်ပြန်အမ်းငွေ ဒေါ်လာဘီလျံနဲ့ချီ ရရှိနိုင်ခြေရှိပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကုန်သွယ်ရေးမြင်ကွင်းထဲကို မရေရာမှုအသစ်တွေကို ထည့်သွင်းပေးရာလည်းရောက်စေပါတယ်။

ထရမ့်ပ်က အိမ်ဖြူတော်မှာ ဖေဖော်ဝါရီလ ၂၀ ရက်ကပြောကြားရာမှာ တရားရေးတိုက်ပွဲမရှိဘဲ ငွေပြန်အမ်းမှုတွေ မရရှိနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ သူကအမှုကို နှစ်ပေါင်းများစွာ တရားရုံးမှာ ရင်ဆိုင်ရဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။

သူက ဝင်ငွေခွန်စည်းကြပ်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ တခြားဥပဒေတွေကို အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပြီး သူ့အနေနဲ့ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ အမေရိကန်ပြည်တွင်းမှာ ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်တာလို့ ပြောခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ ဝင်ငွေခွန်စည်းကြပ်မှုတွေက ကမ္ဘာပေါ်က နိုင်ငံတိုင်းနီးပါးက ကုန်ပစ္စည်းတွေအပေါ် သက်ရောက်မှုရှိခဲ့ပြီး မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်နိုင်ငံတွေကို ပစ်မှတ်ထားခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလက သမ္မတက"လွတ်မြောက်ရေးနေ့" လို့ ခေါ်ခဲ့တဲ့ ဝင်ငွေခွန်စည်းကြပ်မှုတွေတိုးချဲ့ကြေညာခဲ့တဲ့နေ့မှာတော့ ကုန်သွယ်ရေးမိတ်ဖက်များစွာအထိ သိသိသာသာ တိုးချဲ့ခဲ့ပါတယ်။

ဒါပေမယ့် ဒီအစီအမံတွေကြောင့် အမေရိကန်ကို ဝင်ရောက်လာတဲ့ တင်ပို့မှုတွေအပေါ် အခွန်တွေ ရုတ်တရက် မြင့်တက်လာတာနဲ့ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီတွေဆီက ပြည်တွင်းပြည်ပမှာ ကန့်ကွက်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး အခွန်ကောက်ခံမှုတွေက ဈေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်မှာ ထရမ့်ပ်က ပုဒ်မ ၁၂၂ လို့သိကြတဲ့ တစ်ခါမှ အသုံးမပြုခဲ့တဲ့ ဥပဒေအောက်ကနေ ကုန်သွယ်စည်းကြပ်ခွန်အသစ် ၁၀ ရာခိုင်နှုန်းကောက်ခံမယ့် ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီဥပဒေအရ ကုန်သွယ်စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းထိ ၁၅၀ ရက်ကြာ ပြဌာန်းချမှတ်နိုင်တဲ့ အာဏာကို သမ္မတကိုပေးထားပြီး ဒီနောက်မှာ ကွန်ဂရက်က ဝင်ရောက်စွက်ဖက်ရမှာဖြစ်ပါတယ်။

ဒီပြဌာန်းချက်က ဖေဖော်ဝါရီလ ၂၄ ရက်မှာ အသက်ဝင်မှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်က သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် အတွက် သမ္မတဒုတိယသက်တမ်းမှာ ထိရောက်တဲ့ ထိုးနှက်ခံရမှုတစ်ရပ်လို့ ဆိုရမှာပါ။

Ref-BBC

#trump #usa #ကုန်သွယ်စည်းကြပ်ခွန် #အခွန် #ပြန်အမ်းငွေ #သမ္မတ #အမေရိကန် #mt #mtnews #myanmartransparency

imageimage