2 ပတ် - ဘာသာပြန်ပါ။

တောင်ဒဂုံမှာ အသက် ငါးနှစ်ကျော်ကလေးငယ်နှစ်ဦး ခြံဝန်းထဲ အတူဆော့ကစားနေစဉ် ပျောက်ဆုံးရာက ရေအနက် သုံးပေကျော်သာ ရှိတဲ့ ရေအိုင်မှာ ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိ

ဖေဖော်ဝါရီ ၂၁

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က ပျောက်ဆုံးတယ်လို့ ကြေညာထားတဲ့ အသက် ငါးနှစ်ကျော်အရွယ် ကလေးငယ်နှစ်ဦးကို ခြံဝန်းတစ်ခုထဲက ရေအိုင်ထဲမှာ ရေနစ်သေဆုံးလျက်သား ဒီနေ့မနက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ပြီမို့ လူမှုကူညီရေး အသင်းတွေက သွားရောက်ဆယ်ယူပေးခဲ့ရတယ်လို့ မြို့ဦးလုလင် လူမှုကူညီ‌ရေး အသင်းထံကနေ သိရပါတယ်။

အဆိုပါ ကလေးငယ်နှစ်ဦးက အတူကစားနေစဉ်ပျောက်ဆုံးခဲ့တဲ့ဖြစ်စဉ် ဒဂုံ‌မြို့သစ်‌ တောင်ပိုင်းမြို့နယ်၊ ယောက်ကော်ပန်းခြံအနီးက ကားပစ္စည်း ပြုပြင်ရောင်းဝယ်‌ရေးဆိုင် ခြံဝန်းထဲမှာ ဖြစ်ပွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူ ထံကနေသိရပါတယ်။
 
ပျောက်ဆုံးကလေးငယ်တွေက ယောက်ျားလေးတစ်ဦး၊ မိန်းကလေး တစ်ဦး အရွယ်တူ ကျောင်းအတူတူတက်နေတဲ့ အိမ်နီးနားခြင်း ကစားဖော်တွေလို့လည်း သိရပြီး ပျောက်ဆုံးကလေးငယ်ယောက်ျားလေးရဲ့ နာမည်က  အောင်ပြည့်စုံဖြစ်ကာ၊ သမီးငယ်ရဲ့ နာမည်က သဲသဲတုန်လို့ သိရပါတယ်။

ကလေးငယ်နှစ်ဦး ပျောက်ဆုံးနေတာကို သဲသဲတုန်ရဲ့ အဖေဖြစ်သူ အလုပ်လုပ်တဲ့ ကားပစ္စည်းဆိုင်ပိုင်ရှင်တွေက လူမှုကွန်ရက်ပေါ်တင်ကာ ဝိုင်းဝန်းရှာဖွေပေးနေပြီး အဆိုပါဆိုင်ရှင် အမျိုးသမီးကို ဆက်သွယ်မေးမြန်းရာမှာ သဲသဲတုန်ရဲ့ မိဘနှစ်ပါးက သဲသဲတုန်ငယ်စဉ်ကတည်းက စိတ်အခန့်မသင့်လို့ ကွဲကွာနေခဲ့ပြီး သဲသဲတုန်က အဖေဖြစ်သူနဲ့ ကျန်ရစ်ကာ ကြည့်ရှု့‌ စောင့်ရှောက်ပေးမယ့်သူ မရှိတာမို့ ဖခင်အလုပ်ဆီ လိုက်ပါလာလေ့ရှိကြောင်းလည်း သိရပါတယ်။ 

ပျောက်ဆုံးတဲ့ နေ့ကလည်း ဖခင် အလုပ်ရှိရာ ကားပစ္စည်းဆိုင်ခြံဝန်းထဲ အရင်နေ့တွေကလိုပဲ အိမ်နီးနားခြင်းအဖော်ဖြစ်သူ အောင်ပြည့်စုံနဲ့ အတူကစားနေစဉ် နှစ်ဦးစလုံး ပျောက်ဆုံးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြို့ဦးလုလင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက "ဒီမနက် ပြန်တွေ့ပါတယ်။ ကလေးမိသားစုက ကျူးရပ်ကွက်နေသူတွေပါ။ သူတို့နေထိုင်တဲ့ နေရာနဲ့ တစ်ကြောထဲမှာရှိတဲ့ ဂိုထောင်ရှိတဲ့ခြံဝန်းထဲက မြေကြီးတူးထားပြီး အိုင်ဖြစ်နေတဲ့ ရေထဲမှာ ပုပ်လျက်ပြန်ပေါ်လာတာပါ" လို့ ရုပ်အလောင်းတွေ့ရှိ ကောက်ယူရပုံကို ပြန်လည်ပြောပြပါတယ်။

လက်ရှိမှာတော့ ကလေးငယ်နှစ်ဦးရဲ့ ရုပ်အလောင်းကို သင်္ကန်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံဆီ မြို့ဦးလုလင် လူမှုကူညီရေးအသင်းပိုင် ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် ရင်ခွဲ စစ်ဆေးတာတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

#​တောင်ဒဂုံ #လူပျောက် #ကလေးငယ် #သေဆုံး #ပျောက်ဆုံး #တောင်ဒဂုံ #ရေနစ် #mt #mtnews #myanamrtransparency

image
image
image
image