တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်လာမှာ မဟုတ်ဘဲ ဘက်ပေးကို ပေါင် ၅၂.၅ သန်းပေးလာတော့မယ့် ပီအက်စ်ဂျီ

ဖေဖော်ဝါရီ ၂၁

ပီအက်စ်ဂျီဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်အား အယူခံမဝင်ဖို့ ဆုံးဖြတ်လာမှုနှင့်အတူ ကိုင်လီယန်ဘက်ပေးအား ပေါင် ၅၂.၅ သန်းပေးလာတော့မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနှင့် ဘက်ပေးတို့ဟာ ၂၀၂၄ ခုနှစ် လွန်ခဲ့တဲ့ ၁၈ လတုန်းက ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားပြီးနောက် အပြန်အလှန်တရားစွဲဆိုကာ ရုပ်ဆိုးအကျည်းတန်ဖြစ်ရပ်များ ဖြစ်ပျက်ခဲ့ပါတယ်။

ဘက်ပေးက ပီအက်စ်ဂျီတွင် နောက်ဆုံးကစားတဲ့ ရာသီတွင် လုပ်ခနှင့် အပိုဆုကြေးများ မရရှိမှုအတွက် တရားစွဲဆိုခဲ့ပါတယ်။

ယင်းနောက် ဘက်ပေးလည်း နိုဝင်ဘာလတုန်းက လုပ်ခနှင့် အပိုဆုကြေး မရရှိမှု၊ ပထမအသင်းမှ ဖယ်ရှားကာ စိတ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်မှုများအတွက်များအတွက် ပေါင် ၂၃၁.၅ သန်း ပြန်လည် ရရှိရေးအတွက် အလုပ်သမားတရားရုံးတွင် ပြန်တရားစွဲခဲ့ပါတယ်။

တဖက်တွင် ပီအက်စ်ဂျီကလည်း အသက် ၂၆ နှစ်ရှိ ဘက်ပေးထံမှ နစ်နာကြေး ပေါင် ၂၁၁ သန်း ပြန်လည် ရရှိရေး ပြန်တရားစွဲခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာတော့ တရားရုံးက ပီအက်စ်ဂျီအနေဖြင့် ဘက်ပေးအား ပေါင် ၅၂.၅ သန်းပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ အစောပိုင်းတုန်းက တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်ရန် စဉ်းစားခဲ့ပေမယ့်လည်း ယခုအခါမှာတော့ အမှုကြာရှည်လာနိုင်မှုနှင့်အတူ အယူခံမဝင်ရန် ဆုံးဖြတ်လာခဲ့ပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနှင့် ဘက်ပေးတို့ဟာ ၁၈ လတာကာလအတွင်း အပြန်အလှန်တရားစွဲဆိုမှုများ ပြုလုပ်မှုနှင့်အတူ ကံဆိုးစွာပင် ဆက်ဆံရေး ပြတ်တောက်သွားခဲ့ပါတယ်။

တဖက်တွင် ပီအက်စ်ဂျီဟာ ပြင်သစ်ပရော်ဖက်ရှင်နယ်ကစားသမားများအဖွဲ့ချုပ်နှင့် အလုပ်သမားတရားရုံးတို့က ဘက်ပေးအား အမှုအနိုင်ပေးထားမှုနှင့်အတူ အယူခံဝင်ပါကလည်း အောင်မြင်နိုင်ခြေ အလွန်နည်းပါးမှုကြောင့် အယူခံမဝင်ရန် ဆုံးဖြတ်ခဲ့တာပါ။

image