2 ပတ် - ဘာသာပြန်ပါ။

မြန်မာဖိုက်တာတိုင်း ရှုံးပွဲကြုံနေတဲ့ One Championship ခေါင်ပွဲကျိန်စာဆိုးကို ဖျက်ချိုးပေးခဲ့တဲ့ အမျိုးသမီးလက်ဝှေ့ကျော် ဘရော်နီကာ

သတိုး
ဖေဖော်ဝါရီ ၂၀

ပြီးခဲ့တဲ့ One Championship ပြိုင်ပွဲတွေမှာ မြန်မာဖိုက်တာတွေဟာ အောက်ပွဲတွေလည်း မနိုင်၊ ခေါင်ပွဲတွေလည်း ရှုံးနဲ့ အဖြစ်ဆိုးတဲ့ ခံကြီးမောင်တွေဘဝရောက်ပြီး ရိုးရာချစ်ပရိသတ်တွေ မျက်နှာငယ်နေရသလို ဒီနေ့မှာလည်း ခေါင်ပွဲမထိုးခင် ပွဲကြိုမှာ မြန်မာဖိုက်တာ လှိုင်းထက်အောင်က ထိုင်းဖိုက်တာ ဝမ်ချိုင်းနွိုင်ကို အလဲထိုးနဲ့ရှုံးထားလို့ အားငယ်နေရချိန်မှာ ဘရော်နီကာ့ရဲ့ခေါင်ပွဲကို စိတ်ပူခဲ့ကြရပေမဲ့ အဆုံးသတ်မှာတော့ ဘရော်နီကာက အစ္စရေးဖိုက်တာ ရှား ကိုဟန်ကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။

ပွဲစတာနဲ့ 2023 Road To Thailand ဆုရှင် ကိုဟန်က ခြေတွေခတ်ပြီး အကွာအဝေးထိန်းကန်ဖို့ တရစပ်ကြိုးစားနေသလို ဘရော်နီကာကလည်း ဝင်ထိုးဖို့ ကြိုးပမ်းတာပါ။ ဝင်ပူးချိန်မှာလည်း ကိုဟန်ရဲ့ လက်သီးချက်တွေက ထင်ထားတာထက် သွက်နေလို့ ဘရော်နီကာ အခက်ကြုံပါတယ်။ ဒါပေမဲ့ နိမ့်သွားတာမျိုးမဟုတ်ဘဲ တစ်ချိန်လုံးလှုပ်ပြီး တိုက်စစ်ဆင်နေတဲ့ ကိုဟန်ကို အပိုင်ထိုးချက်တွေနဲ့ အမှတ်ရဖို့ ကြိုးပမ်းတာပါ။ ပထမအချီဟာ အလှုပ်အဆွ အထိုးအသတ်တွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး ဘရော်နီကာက ထိချက်ထိုးချက် ပိုရခဲ့ပါတယ်။

ဒုတိယအချီမှာလည်း ကိုဟန်က ပထမအချီလိုပါပဲ။ အဝေးက ခြေကန်လိုက်၊ ဝင်ပူးထိုးလိုက်၊ ပြန်ထွက်လိုက်နဲ့ တိုင်မင်မှန်မှန်သွားနေပြီး လက်သီးအားပြုတဲ့ဘရော်နီကာ လုပ်ရခက်အောင် ကစားနေခဲ့ပါတယ်။ ဆိုင်ထိုးပြိုင်ထိုးချိန်မှာ ဘရော်နီကာ ထိချက်ရပေမဲ့ ကိုဟန်က ထင်ထားတာထက် မာနေပါတယ်။ အရမ်းမာပြီး အရမ်းကောင်းသလို အရမ်းသွက်တဲ့ ကိုဟန်ကို ဒီအချီမှာလည်း ထပ်ရုန်းရပြီး ထိချက်က သူမသာကိုယ်မသာတဲ့အထဲ ဘရော်နီကာရဲ့ဖဝါးပုတ်ချက် ကိုဟင်မျက်နှာထိတာလေးကတော့ အမှတ်သာချင်စရာပါ။

တတိယအချီမှာ ဘရော်နီကာ သက်လုံကျလာပေမဲ့ ကိုဟန်က မကျသေးပါဘူး။ ကန်လိုက်ဝင်ထိုးလိုက်နဲ့ အသည်းအသန်ဝင်လုံးလို့ ဘရော်နီကာ ကြမ်းပေါ်လဲလိုက်၊ ကြိုးတန်းပေါ်ကျလိုက်ဖြစ်နေချိန် ကိုဟန်က အသည်းအသန်ဝင်ထိုးတာမှာ ဘရော်နီကာ လက်သီးချက်အချို့ထိပါတယ်။ အထိုင်ဖြစ်သွားတဲ့ ဘရော်နီကာ ချက်ကောင်းစောင့်ထိုးရုံမှာ ပေးဆပ်ရတာနည်းနည်းများပေမဲ့ ပထမအချီနဲ့ ဒုတိယအချီသာခဲ့တာ၊ ရှား ကိုဟန် ကောင်းတာမှန်ပေမဲ့ ထိုးချက်ကန်ချက်အများစုမတိကျတာက ဒီပွဲရဲ့ အဖြေဖြစ်သွားခဲ့တာပါ။

လက်ရှိမှာတော့ ဘရော်နီကာဟာ မြန်မာဖိုက်တာအမျိုးသားတွေရဲ့ ခံကြီးမောင်ဘဝကို အဆုံးသတ်ကယ်တင်ပေးခဲ့တဲ့ အမျိုးသမီးသူရဲကောင်းဖြစ်နေပြီဖြစ်သလို ONE အမျိုးသမီး အက်တမ်ဝိတ် မွေထိုင်းကမ္ဘာ့ချန်ပီယံ အယ်လီစီယာ ဟယ်လန် ရိုဒရီဂွက်ဇ်ရဲ့ခါးပတ်ကို လုခွင့်ပါ ရနိုင်မယ့်အခြေအနေဖြစ်ခဲ့ပြီမို့ ဒီအောင်ပွဲဟာ ဘရော်နီကာနဲ့ မြန်မာပရိသတ်အတွက် သားရွှေအိုးထမ်းလာတာထက်ကို အရသာပိုရှိခဲ့ပါတယ်။ ပိုပိုပြီးတော့ အရသာရှိတာကလည်း ဘရော်နီကာကို ဘွိုင်းကောက်လုပ်ဖို့ လှူံ့ဆော်၊ အားမပေးဖို့တိုက်တွန်းနေတဲ့ စိတ်ဓာတ်ယုတ်ညံ့သူ တော်လှန်ထောက်ပို့လူတစ်စုဟာ သူတို့ရဲ့ သိမ်ဖျင်းယုတ်ညံ့တဲ့စိတ်ဓာတ်နဲ့ ဘရော်နီကာ့နိုင်ပွဲကို ပူလောင်နေတာကို မြင်ရတာဟာ နိုင်ငံချစ်ပြည်သူတွေအဖို့ နှလုံးပီတိ ဂွမ်းဆီထိသလိုမျိုးပါပဲလို့.... ။

image
image
image