1 ပတ် - ဘာသာပြန်ပါ။

စကော့တလန်အတွက် ကစားရန် အသင့်ရှိနေတဲ့ ပေါ်တူဂီရဲ့ အကောင်းဆုံးကစားသမားများထဲမှ တစ်ဦး

ဖေဖော်ဝါရီ ၂၁

စကော့တလန်ဟာ ပေါ်တူဂီအခြေစိုက် ကွင်းလယ်ဖန်တီးရှင်တစ်ဦးက လက်ရွေးစင်အသင်းအတွက် ကစားပေးရန် အသင့်ရှိလာမှုနှင့်အတူ ကမ္ဘာ့ဖလားအတွက် စိတ်အားတက်စရာသတင်းကြုံလာရပါတယ်။

အသက် ၂၆ နှစ်ရှိ အလယ်တန်းကစားသမားဟိုဂရော့ဗ်ဟာ Estoril တွင် ကစားနေသူ ဖြစ်ပြီး ပေါ်တူဂီရဲ့ အကောင်းဆုံးဘောလုံးပေးပို့သူများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

သူဟာ စကော့တလန်ယူ-၂၁ အသင်းအတွက် ၅ ပွဲကစားခဲ့ဖူးသူ ဖြစ်ပြီး အင်္ဂလန်အသင်းအတွက်လည်း ကစားခွင့် ရှိနေသူ ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ စကော့တလန်အသင်းဘက်က သူ့အား ရွေးချယ်လာမည်ဆိုပါက ကစားရန် အသင့်ရှိနေပြီ ဖြစ်ပါတယ်။

စတိဗ်ကလပ်ခ်ဟာ လာမယ့်လတွင် ဂျပန်၊ ကူရာကာအိုတို့နှင့် ခြေစမ်းပွဲ ကစားသွားမည်ဖြစ်ပြီး ၎င်းအား ရွေးချယ်ရန် စဉ်းစားနေပါတယ်။

ဟိုလ်ဂရော့ဗ်မှာ ရီးဒင်းအလယ်တန်းကစားသမားဟောင်းပေါလ်ဟိုလ်ဂရော့ဗ်ရဲ့သား ဖြစ်ပြီး အင်ဒင်ဘတ်တွင် မွေးဖွားခဲ့တာပါ။

သူဟာ ဖခင်ကစားခဲ့တဲ့ ဟစ်ဘ်တွင် ကစားသမားဘဝစတင်ပြီးနောက် ဆဲလ်တာဗီဂို၊ ပါကို့စ်ဒီဖာရီရာ၊ အိုလံပီယာကို့စ်တို့တွင်လည်း ကစားခဲ့ပါတယ်။

သူဟာ ယခုရာသီတွင် Estoril အား လိဂ်တွင် အဆင့် ၃ နေရာမှာ ရပ်တည်နိုင်အောင် ၄၁ ကြိမ်အထိ ဂိုးရနိုင်တဲ့ အခွင့်အရေးဖန်တီးပြီး ကူညီပေးထားပါတယ်။

သူဟာ ယခုရာသီတွင် လိဂ်ပွဲ ၂၁ ပွဲတွင် ၁ ဂိုးသွင်းပြီး ၅ ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။

သူဟာ တစ်ပွဲပျမ်းမျှ ဘောလုံးပေးပို့မှု ၉၀ ကြိမ်ပြုလုပ်ထားကာ ဘောလုံးပေးပို့မှု ၈၅.၆ ရာခိုင်နှုန်းအောင်မြင်ကာ လိဂ်ရဲ့အကောင်းဆုံးပေးပို့သူများစာရင်းတွင် အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

image