1 ပတ် - ဘာသာပြန်ပါ။

အက်သလက်တီကို သတ်မှတ်လာတဲ့စံချိန်တင်ကြေးကြောင့် အယ်ဗာရက်ဇ်အား ခေါ်ယူရေး လက်လျှော့လိုက်ရပြီဖြစ်တဲ့ ဘာစီလိုနာ

ဖေဖော်ဝါရီ ၂၁

ဘာစီလိုနာဟာ ရောဘတ်လီဝန်ဒေါ့စကီးနေရာတွင် ရေရှည်အစားထိုးရေးအတွက် အက်သလက်တီကိုတိုက်စစ်မှူးဂျူလီယန်အယ်ဗာရက်ဇ်ကို ခေါ်ယူမည်ဆိုပါက ပြောင်းရွှေ့ကြေးအမြောက်အမြား အသုံးပြုလာရတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ အယ်ဗာရက်ဇ်ကို ခေါ်ယူရေး ပစ်မှတ်ထားနေပေမယ့်လည်း အက်သလက်တီကိုဘက်က သတ်မှတ်လာတဲ့ ပြောင်းရွှေ့ကြေး၊ ကလပ်တွင် ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးပြဿနာတို့ကြောင့် ခေါ်ယူရေး နောက်ဆုတ်လာရပြီ ဖြစ်ပါတယ်။

Cadena Ser က အက်သလက်တီကိုဘက်က မန်စီးတီးတိုက်စစ်သမားဟောင်းအား ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀၀ မရလျှင် ရောင်းချလာမည်မဟုတ်ကြောင်း ဘာစီလိုနာကို အသိပေးထားကြောင်း ဖော်ပြလာပါတယ်။

အက်သလက်တီကိုဟာ အယ်ဗာရက်ဇ်အတွက် ၂၀၁၇ ခုနှစ်တုန်းက ဘာစီလိုနာတို့ နေမာကို ပီအက်စ်ဂျီသို့ ရောင်းချခဲ့တဲ့ ယူရို ၂၂၂ သန်းပြီးလျှင် ကမ္ဘာ့ဒုတိယအမြင့်မားဆုံးပြောင်းရွှေ့ကြေး တောင်းဆိုလာတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာဟာ အယ်ဗာရက်ဇ်မှာ တိုက်စစ်တွင် နေရာစုံကစားနိုင်မှုနှင့်အတူ လာမယ့် ဆယ်စုနှစ်တစ်ခုအထိ အသင်းတိုက်စစ်ကို ဦးဆောင်နိုင်မယ့်သူအဖြစ် သတ်မှတ်ထားခဲ့တာပါ။

တဖက်တွင် အက်သလက်တီကိုဘက်ကလည်း အယ်ဗာရက်ဇ်အား အလွယ်တကူ လက်လွှတ်လိုခြင်း မရှိမှုနှင့်အတူ ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀၀ အထိ တောင်းဆိုလာတာလည်း ဖြစ်ပါတယ်။

တကယ်တော့ အက်သလက်တီကိုရဲ့ အယ်ဗာရက်ဇ်ကို ခေါ်ယူရေး စိတ်ဝင်စားနေတာ ဘာစီလိုနာ တစ်သင်းတည်း မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ထိပ်သီးတွေ ဖြစ်ကြတဲ့ ယူနိုက်တက်၊ အာဆင်နယ်နှင့် ချဲလ်ဆီးတို့ကလည်း စိတ်ဝင်စားနေကြတာပါ။

ဒါပေမယ့် အက်သလက်တီကိုနှင့် ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အယ်ဗာရက်ဇ်ကိုယ်တိုင်က အက်သလက်တီကိုမှ ထွက်ခွာရမည်ဆိုပါက ဘာစီလိုနာသို့သာ ပြောင်းရွှေ့လိုနေပါတယ်။

image