အာဆင်နယ်ရဲ့ လုပ်ခအများဆုံးရ ကစားသမားဖြစ်လာတဲ့ ဘူကာယိုဆာကာ
ဖေဖော်ဝါရီ ၂၀
ဘူကာယိုဆာကာဟာ အာဆင်နယ်နှင့် ၅ နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီးနောက် ကလပ်ရဲ့ လုပ်ခအများဆုံးရ ကစားသမားဖြစ်လာပါတယ်။
အင်္ဂလန်လက်ရွေးစင်ညာတောင်ပံကစားသမားဟာ အာဆင်နယ်တွင် ၂၀၃၁ ခုနှစ်အထိ ရှိနေမယ့် စာချုပ်သစ်အား ချုပ်ဆိုလာတာလည်း ဖြစ်ပါတယ်။
ဆာကာဟာ စာချုပ်သစ်ကြောင့် တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ အထိ တိုးမြှင့် ရရှိလာမှာ ဖြစ်ပြီး စာချုပ်တန်ဖိုးမှာ စုစုပေါင်း ပေါင် ၇၈ သန်း ရှိပါတယ်။
အသက် ၂၄ နှစ်ရှိ ဆာကာရဲ့ ယခင်စာချုပ်မှာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးလာမှာ ဖြစ်ပြီး လအတန်ကြာ စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယခုအခါ စာချုပ်သစ်ချုပ်ဆိုလာပြီ ဖြစ်ပါတယ်။
ဆာကာဟာ အာဆင်နယ်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ၂၉၆ ပွဲကစားထားရာမှာ ၇၇ ဂိုးသွင်းကာ ၇၈ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပါတယ်။
အာဆင်နယ်ဟာ ဆာကာမတိုင်မီ ဝီလီယမ်ဆာလီဘာ၊ ဂါဘရီရယ်၊ အီသန်နဝမ်နရီ၊ မိုင်လက်စ်လီဝစ်စကယ်လီတို့အား စာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်သလို မက်စ်ဒေါ်ဆင်ကိုလည်း စကော့လားရှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ကို ဦးဆောင်နေသလို ခါရာဘောင်ဖလားဗိုလ်လုပွဲသို့လည်း တက်ရောက်ထားကာ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားတို့မှာလည်း ရှုံးထွက်အဆင့်သို့ တက်ထားပါတယ်။