နှစ်လကြာ ကလပ်လက်မဲ့ ဖြစ်ပြီးနောက် ဘရာဇီးအသင်းငယ်လေးသို့ ပြောင်းရန် နီးစပ်နေပြီဖြစ်တဲ့ ဂျက်စီလင်ဂတ်
ဖေဖော်ဝါရီ ၂၀
ဂျက်စီလင်ဂတ်ဟာ ဇန်နဝါရီလတုန်းက အက်ဖ်စီဆိုးလ်မှ ထွက်ခွာလာပြီးနောက် ဘရာဇီးကလပ် ရီမိုသို့ ပြောင်းရွှေ့ကစားရန် နီးစပ်နေပြီ ဖြစ်ပါတယ်။
အင်္ဂလန်နှင့် ယူနိုက်တက်တိုက်စစ်သမားဟာ ငါးလကြာ အသင်းလက်မဲ့ ဖြစ်ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ကိုရီးယားကလပ်သို့ ပြောင်းရွှေ့ကစားခဲ့တာလည်း ဖြစ်ပါတယ်။
ယခုအခါ အသက် ၃၃ နှစ်ရှိ လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီများအတွင်းတွင် ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းတို့အကြား လှည့်လည်သွားလာ နေရတဲ့ ရီမိုသို့ ပြောင်းရန် အနီးစပ်ဆုံးအနေအထားသို့ ရောက်နေကြောင်း သိရပါတယ်။
လင်ဂတ်ဟာ ယူနိုက်တက်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ၂၃၂ ပွဲ ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်ပထမအသင်းတွင် ကစားခွင့်မရမီ လက်စတာ၊ ဒါဘီ၊ ဘာမင်ဂမ်နှင့် ဘရိုက်တန်သို့ အငှားဖြင့် သွားကစားခဲ့ရပါသေးတယ်။
အလယ်တန်းတိုက်စစ်သမားဟာ ၂၀၂၁ ခုနှစ်တုန်းက ယူနိုက်တက်ကစားသမားဘဝ အဆုံးသတ်လုနီးပါးအချိန်တွင် ဝက်စ်ဟမ်းသို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်တွင် ကစားသမားဘဝစတင်ရာ ယူနိုက်တက်ကို စွန့်ခွာပြီး နော်တင်ဟမ်ဖောရက်စ်သို့ ပြောင်းကစားခဲ့ပေမယ့် တစ်ရာသီသာ ကစားခဲ့ရကာ ထွက်ခွာခဲ့ရပါတယ်။
သူဟာ အက်ဖ်စီဆိုးလ်အတွက် ၆၇ ပွဲကစားခဲ့ရာမှာ ၁၉ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
ယခုအခါ သူဟာ ရီမိုသို့ ပြောင်းကာ ကစားသမားဘဝ စာမျက်နှာသစ် ဖွင့်လှစ်လာတော့မှာလည်း ဖြစ်ပါတယ်။
သူဟာ ဆောက်ဂိတ် ဦးဆောင်စဉ်တုန်းက အင်္ဂလန်အသင်းတွင် ၅ နှစ်ကြာ ကစားခွင့်ရခဲ့ကာ ၃၂ ပွဲကစားပြီး ၆ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရောက် အင်္ဂလန်အသင်းတွင် ပါဝင်ခဲ့ပေမယ့်လည်း ယူရို ၂၀၂၀ တွင် ပါဝင်ခွင့်မရခဲ့ဘဲ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမခံရတာ ငါးနှစ်ရှိလာပြီလည်း ဖြစ်ပါတယ်။