ရမှတ် ၆ မှတ်အလျှော့ခံရမှုအား လက်စတာ အယူခံဝင်လာ

ဖေဖော်ဝါရီ ၂၀

လက်စတာဟာ EFL ရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက် ရမှတ် ၆ မှတ်အလျှော့ခံရမှုအား အယူခံလာပါတယ်။

လက်စတာဟာ ယခုလအစောပိုင်းတုန်းက ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက် ရမှတ် ၆ မှတ်အလျှော့ခံခဲ့ရတာဖြစ်ပြီး ရမှတ်အလျှော့ခံရမှုကြောင့် တန်းဆင်းဇုန်အပြင်ဘက်တွင် ဂိုးကွာခြားချက်ဖြင့် ရပ်တည်လာရပါတယ်။

လက်စတာဟာ ၂၀၂၃-၂၄ ရာသီအထိ သုံးရာသီကာလအတွင်း အမြတ်နှင့် ရေရှည်တည်တန့်ရေး စည်းမျဉ်းကို ချိုးဖောက်မှုအတွက် ရမှတ် ၆ အမှတ်အလျှော့ခံရတာလည်း ဖြစ်ပါတယ်။

ယခုအခါ လက်စတာဘက်က ရမှတ်အလျှော့ခံရမှုကို အယူခံဝင်လာပြီ ဖြစ်ပြီး လွတ်လပ်တဲ့ ကော်မရှင်အဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးကြားနာမှု ပြုလုပ်လာတော့မှာလည်း ဖြစ်ပါတယ်။

image