1 ပတ် - ဘာသာပြန်ပါ။

ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ် ပြောဆိုခဲ့တဲ့ ဆာဂျမ်ရက်ကလစ်ဖ်အား စဉ်းစားပြီးမှ စကားပြောဆိုရန် ယူနိုက်တက်ဂန္ထဝင်သတိပေးလာ

ဖေဖော်ဝါရီ ၂၀

ဗီအင်ဒါဆင်က ဗြိတိန်ကို ရွှေ့ပြောင်းနေထိုင်သူများက ကိုလိုနီပြုထားကြောင်း ပြောဆိုခဲ့တဲ့ ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်အနေဖြင့် စကားမပြောမီ စဉ်းစားရန် ပြောဆိုလာပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပထမဆုံးကစားခွင့်ရတဲ့ လူမည်းကစားသမားဖြစ်တဲ့ အင်ဒါဆင်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ယူနိုက်တက်ပူးတွဲပိုင်ရှင်ရဲ့ ပြောဆိုမှုကြောင့် အံ့ဩခဲ့ရပါတယ်။

တဖက်တွင် အက်ဖ်အေဟာ ဆာဂျမ်ရက်ကလစ်ဖ်ရဲ့ ပြောဆိုမှုကြောင့် နိုင်ငံအတွင်း အငြင်းပွားစရာ ဖြစ်လာတဲ့ အခြေအနေအပေါ်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

ဂျာမေကာမိဘများမှ မွေးဖွားလာတဲ့ အသက် ၆၉ နှစ်ရှိ ယူနိုက်တက်နောက်ခံလူအင်ဒါဆင်က "မန်ချက်စတာယူနိုက်တက်လို ကလပ်တစ်ခုရဲ့ ပိုင်ရှင်ရဲ့ ထုတ်ပြန်ကြေညာချက်ကြောင့် အံ့ဩသင့်ရတယ်။ အဲဒီလို ပြောပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာ တောင်းပန်ခဲ့တယ်။ ဒါပေမယ့် လူတွေ ဒီလို ပြောဆိုလာတဲ့အခါ စိတ်တိုကြရတယ်။ ကျွန်တော့်မိဘတွေက ၅၀ ခုနှစ်တွေတုန်းက ဂျာမေကာက ဝင်းဒရပ်စ်မျိုးဆက်နဲ့အတူ ရောက်လာတာပါ။ ဒီနိုင်ငံကို ကိုယ်စားပြုခွင့်ရတဲ့ ပထမဆုံးလူမည်းအဖြစ် ကံကောင်းစွာ ဖြစ်ခွင့်ရခဲ့တယ်။ ကျွန်တော်တို့ လုပ်ဆောင်မှုတွေအတွက် လေးစားမှုတွေလည်း ရခဲ့တယ်။ ဒါပေမယ့် အရေးကြီးတာက လူတွေအနေနဲ့ မပြောခင် စဉ်းစားစေချင်ပါတယ်"လို့ ပြောကြားသွားပါတယ်။

ရက်ကလစ်ဖ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ယူနိုက်တက်ရဲ့ အသေးစားရှယ်ယာများကို ပေါင် ၁.၂၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သူပါ။

လက်ရှိ ယူနိုက်တက်အသင်းတွင် နိုင်ငံခြားသား ကစားသမား ၁၇ ဦးအထိ ရှိနေပါတယ်။

image