စီးပွားရေးအရ အကျိုးရှိမည့် နျူသဘောတူညီချက်ရရှိရန် အီရန်ကြိုးပမ်းနေ

နှစ်ဦးနှစ်ဖက်စလုံးအတွက် စီးပွားရေးအရအကျိုးရှိမည့် နျူကလီးယား သဘောတူညီချက် တစ် ရပ်ကို အမေရိကန်ပြည်ထောင်စုနှင့် ရယူရန် အီရန်အစိုးရက ကြိုးပမ်းနေကြောင်း အီရန်နိုင် ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူများက ဖေဖော်ဝါရီ၁၅ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
အီရန်နှင့် အမေရိကန်တို့အကြား ဒုတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများ မကျင်းပမီ ရက်ပိုင်းအလိုတွင် အီရန်တာဝန်ရှိသူများက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်နှင့်အမေရိကန်ပြည်ထောင်စုတို့သည်အီရန် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အငြင်းပွားမှုများကို အဆုံးသတ်နိုင်ရန်နှင့် စစ်ရေးအရထိပ်တိုက်ရင်ဆိုင်ရမည့် အရေးကို ရှောင်လွှဲနိုင်ရန် ဖေဖော်ဝါရီ ၄ရက်တွင် အိုမန်နိုင်ငံ မတ်စကတ်မြို့၌ ပထမအကျော့ နျူကလီးယားဆွေးနွေးပွဲများကျင်းပခဲ့ပြီးဖြစ်သည်။
အလားတူ ဒုတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပရန် အမေရိကန်နှင့်အီရန်တို့က သဘောတူထားသည်။
အီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့်ကျင်းပမည့် နျူကလီးယားဆွေးနွေးပွဲများတွင် နှစ်ဖက်စလုံးအတွက် စီးပွားရေးအရအကျိုးရှိမည့် သဘောတူ ညီချက်တစ်ရပ် ရယူနိုင်ရန် ကြိုးပမ်းနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနထိပ်တန်းတာဝန်ရှိသူများက ပြောကြား ထားသည်။
အီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယား သဘောတူညီချက် ရယူနိုင်မှု မရှိပါက ဆိုးရွားသည့် အကျိုးဆက်များဖြင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးထားသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် အရှေ့အလယ်ပ်ိုင်း ဒေသသို့လေယာဉ်တင်သင်္ဘောများစေလွှတ်၍ စစ်အင်အား တည်ဆောက်ထားကြောင်း သိရသည်။

image