6 ရက် - ဘာသာပြန်ပါ။

လက်ခံနိုင်စရာမရှိတဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် သပိတ်မှောက်ဆန္ဒပြလာတဲ့ ဂျူဗင်တပ်
====================

ဂျူဗင်တပ်ဟာ စနေနေ့တုန်းက အင်တာမီလန်နှင့် ရင်ဆိုင်ကစားရတဲ့ စီးရီးအေပွဲစဉ်မှ ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်အား ဆန္ဒပြတဲ့အနေဖြင့် ကလပ်ရဲ့ မီဒီယာဆိုင်ရာအလုပ်များကို မလုပ်ဘဲ သပိတ်မှောက်ဆန္ဒပြလာပါတယ်။
အင်တာမီလန်ဟာ စနေနေ့ညတုန်းက မဟာပြိုင်ဘက်ဂျူဗင်တပ်နှင့်ပွဲစဉ်တွင် တစ်ယောက်အသာဖြင့် ကစားကာ ပီယော့ဇီလင်းစကီးရဲ့ ဒုတိယပိုင်းနာကျင်အချိန်ပိုဂိုးဖြင့် ၃-၂ ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ ပထမပိုင်းတွင် ပီယာရီကာလူလူမှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ဖြင့် နှစ်ဝါတစ်နီဖြင့် အထုတ်ခံရကာ တစ်ယောက်အလျော့ဖြင့် ကစားခဲ့ရပါတယ်။
ကာလူလူဟာ ပြိုင်ဘက်ကစားသမားကို လက်ဖြင့် ထိရုံမျှသာ ထိခဲ့တာဖြစ်ပြီး ဟန်ချက်လဲချမှုခံခဲ့ရပေမယ့်လည်း ဒိုင်လူကြီးဖီဒီရီကိုလာပန်နာက နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ကွင်းတွင်း ကွင်းပြင် ဆန့်ကျင်မှု ပြုလုပ်ခဲ့ပါတယ်။
ပထမပိုင်းအပြီးတွင် ဂျူဗင်တပ်နည်းပြလူစီယာနိုစပယ်လက်တီ၊ ဒါရိုက်တာဒါမီယန်ကိုမိုလ်လီ၊ ဂျော့ဂျီယိုချီရယ်လီနီတို့ဟာ ဒိုင်လူကြီးလာပန်နာအား ဒေါသတကြီး ပြောဆိုမှု ပြုလုပ်ခဲ့ကြပါတယ်။
ယင်း ၃ ဦးတို့ဟာ ဆန်စီရိုအဝတ်အစားလဲခန်းသို့ သွားနေစဉ် လာပန်နာအား အော်ဟစ်ပြောဆိုခဲ့ကြပါတယ်။ တကြိမ်တွင် စပယ်လက်တီဟာ ကိုမိုလ်လီအား တွန်းထိုးမှု ပြုလုပ်ခဲ့တာ တွေ့ရပြီး ဂိုးသမားမာသီယာပီရန်က ဝင်ရောက် ဆွဲခဲ့ရတာ တွေ့ရပါတယ်။
ပွဲအပြီးတွင် စပယ်လက်တီဟာ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ခြင်း မပြုခဲ့ပါဘူး။
သတင်းစာရှင်းလင်းပွဲသို့ ချီရယ်လီနီနှင့် ကိုမိုလ်လီတို့ တက်ရောက်လာခဲ့ကြပြီးနောက် ကာလူလူအား ထုတ်ပယ်မှုတွက် VAR က ကြားဝင် ပါဝင်ခဲ့ခြင်း မရှိမှု၊ အီတလီဘောလုံးလောကတွင် ဒိုင်လူကြီးများရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ထပ်ခါထပ်ခါ ကြုံရမှုတို့အတွက် ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။

image