ဂြိုဟ်တုသတင်း မြေပြင်စခန်းသစ် နမီးဘီးယားသို့ တရုတ်လွှဲပြောင်းအပ်နှံ

အာဖရိကတောင်ပိုင်း နမီးဘီးယားနိုင်ငံ၌ တည်ဆောက်ထားသောမြေပြင်ဂြိုဟ်တုစခန်းသစ်ကို တရုတ်တာဝန်ရှိသူများက နမီးဘီးယားတာဝန်ရှိသူများထံ ဖေဖော်ဝါရီ ၁၃ရက်တွင် လွှဲပြောင်း အပ်နှံခဲ့ကြောင်းတရုတ်အစိုးရ မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဂြိုဟ်တုသတင်းအချက်အလက် လက်ခံရေးစခန်းသစ်ကို ဝင်းဟော့ခ်မြို့တော်အနီး တည်ဆောက်ထားခြင်းဖြစ်သည်။
အဆိုပါ ဂြိုဟ်တုသတင်းအချက်အလက် လက်ခံရေးမြေပြင်စခန်းသစ်သည် ပင်လယ်ရပ်ခြား ဒေသများ၌ တရုတ်နိုင်ငံက အာကာသအစီအစဉ်များ ချဲ့ထွင်လာမှုကိုသက်သေပြလျက်ရှိသည်။
ဂြိုဟ်တု သတင်းအချက်အလက် လက်ခံရယူရေး မြေပြင်စခန်းသစ်ကြောင့် ဂြိုဟ်တုများက ပေးပို့သည့် အဝေးအာရုံခံစနစ် သတင်းအချက်အလက်များကို ရယူစိစစ်နိုင်စွမ်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း တရုတ်အစိုးရ မီဒီယာများကသတင်းထုတ်ပြန်ထားသည်။
အမေရိကန် အစိုးရကအာဖရိကနိုင်ငံများအား အကူအညီပေးနေမှုများကို လျှော့ချနေချိန်တွင် တရုတ်အစိုးရက အာဖရိကတိုက်၌အာကာသနည်းပညာ ဖွံ့ဖြိုးရေးအစီအစဉ်များ တိုးချဲ့ အကောင်အထည်ဖော်နေပြီး အာဖရိကနိုင်ငံများအတွက်ဂြိုဟ်တုများ၊ ဓာတ်ခွဲခန်းများနှင့် မြေပြင်စောင့်ကြည့်ရေးစခန်းများကိုဖြည့်ဆည်းကမ်းလှမ်းလျက်ရှိသည်။
ဖေဖော်ဝါရီ ၁၃ ရက်တွင်လွှဲပြောင်းအပ်နှံခဲ့သော ဂြိုဟ်တုသတင်းအချက်အလက် လက်ခံရယူ ရေးစခန်းကို နမီးဘီးယားအစိုးရအနေဖြင့် အပြည့်အဝ ပိုင်ဆိုင်ခွင့်၊လွတ်လပ်စွာလုပ်ငန်း လည်ပတ်ခွင့်ရှိကြောင်း သိရသည်။

image