1 ရက် - ဘာသာပြန်ပါ။

ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် မီဒီယာကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ပြော

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံ ကြား၏ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းကကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော တက်ရောက်၍ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် မီဒီယာကဏ္ဍမှပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရဲဝံ့စွန့်စားစွာထမ်းဆောင်နေကြသည့် တပ်မတော်သားများအား တပ်စခန်းနေရာများအထိသွားရောက်ဖျော်ဖြေ၍ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးခြင်းတို့ကို တက်ကြွစွာပါဝင်ဆောင်ရွက်နေသဖြင့် ဂုဏ်ယူဝမ်းမြောက်မိသည်ဟု ပြောသည်။
ထို့ပြင် သဘာဝဘေးဒ-ဏ်ကျရောက်ခဲ့သည့်ဒေသများနှင့် ယာယီနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရသူများ အပန်းဖြေစိတ်ခွန်အားသစ်များ ရရှိစေရန် ဖျော်ဖြေပေးခြင်းအပါအဝင် နိုင်ငံတော်ကချမှတ်ထားသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များတိုးတက်အောင်မြင်စေရန် တက်ကြွစွာပါဝင်ဆောင်ရွက်နေခြင်းကိုလည်း ဂုဏ်ယူဝမ်းမြောက်မိသည်ဟု ပြောသည်။
ထို့အတူ နိုင်ငံအပေါ် ပြည်တွင်း/ပြည်ပမှ ဆန့်ကျင် ဘက်မီဒီယာများ၏ နည်းမျိုးစုံအသုံးပြု လုပ်ကြံဝါဒ ဖြန့်ကာ နိုင်ငံတော်ပြိုကွဲအောင်ဆောင်ရွက်နေချိန်၌ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် အချင်းချင်း ယုံကြည်လေးစားမှု၊ နားလည်မှုများအခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်တည်ဆောက်ရမည်ဖြစ်ကာ မီဒီယာကဏ္ဍမှလည်း လုပ်ကြံဝါဒဖြန့်မှု၊ သတင်းတုသတင်းမှားများကို မီဒီယာစွမ်းအားဖြင့်ချေဖျ-က်ပြီး သတင်းမှန်ပြန်ကြားပေးနိုင်အောင် အလေးထားဆောင် ရွက်ရန်လိုသည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်မှ ပြည်တွင်း/ပြည်ပပြိုင်ပွဲများတွင်ထူးချွန်ဆုရရှိခဲ့ကြသူများ၊ နယ်မြေအခြေအနေအရခေတ္တရပ်နားခဲ့ရသော ဒေသများရှိရုပ်သံလွှင့်စက်ရုံများအမြန်ဆုံးပြန်လည်ထုတ်လွှင့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပြီး မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ နိုင်ငံတော်သံစုံတီးဝိုင်း၊ နိုင်ငံတော်ဆိုင်းဝိုင်းကြီးနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့ဖြင့်တွဲဖက်ကာ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုအားပေးပြီးနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုခဲ့သည်။

image