နေပြည်တော်စာပေဝိုင်းတွင် ICJ ၌ရင်ဆိုင်နေရသည့်အမှုနှင့်ပတ်သတ်၍ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် ဆွေးနွေးဟောပြောခဲ့
နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်စာပေဝိုင်းကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်(စာရေးဆရာကိုကိုလှိုင်)တက်ရောက်ခဲ့သည်။
ထိုသို့ တက်ရောက်ပြီးနောက် အပြည်ပြည်ဆိုင်ရာတ ရားရုံး(ICJ)တွင်ရင်ဆိုင်နေရသည့် အမှုကိစ္စရပ်နှင့်ပတ် သက်၍ နောက်ခံအကြောင်းရင်းများဖြစ်သော ရခိုင် ပြည်နယ်မြောက်ပိုင်း၏ သမိုင်းရာဇဝင်နှင့် ပထဝီဝင် တည်ရှိမှု၊ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များနှင့် အငြင်းပွားမှုများသည် လက်ရှိကာလဖြစ်ရပ်များအပေါ်တွင်သာ အခြေခံသည်မဟုတ်ဘဲ နှစ်ပေါင်းများစွာကပင်ဖြစ်တည်ခဲ့သည့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များနှင့် တိုက်ရိုက်ဆက်စပ်နေခြင်းတို့ကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့ပြင် ကိုလိုနီခေတ်အတွင်း ဗြိတိသျှတို့၏ နယ်မြေပိုင်းခြားသတ်မှတ်မှုများ၊ စီမံခန့်ခွဲမှုစနစ်များနှင့် ယင်းခေတ်ကာလအတွင်း လူဦးရေရွှေ့ပြောင်းအခြေချမှု ဖြစ်စဉ်သမိုင်းကြောင်းများသည် လက်ရှိဖြစ်ပေါ်နေသည့်အငြင်းပွားမှုများ၏ အဓိကအခြေခံအချက်များဖြစ်မှု၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၏ ပထဝီဝင်တည်ရှိမှုအခြေအနေများကိုလည်း ဆွေးနွေးဟောပြောခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးနှင့် ထိစပ်နေသည့် ပထဝီဝင်အနေအထားအရဖြစ်ပေါ်လာသော စိန်ခေါ်မှုများ၊ နယ်စပ်ဒေသအတွင်း ရွှေ့ပြောင်းနေထိုင်မှုများ၊ ပထဝီဝင်အကန့်အသတ်များကြောင့်ဖြစ်ပေါ် လာသည့် လုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာများသည် နိုင်ငံတကာစင်မြင့်တွင် မြန်မာ့ရပ်တည်ချက်ကိုခုခံချေပရာ၌ မရှိမဖြစ်လိုအပ်သည့်အချက်အလက်များဖြစ်မှုကိုလည်း ဆွေးနွေးဟောပြောခဲ့သည်။
အချက်အလက်အမှန်များကို နိုင်ငံတကာကသိရှိနား လည်စေရန်ကြိုးပမ်းရုံသာမက၊ ပြည်တွင်းရှိသူများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ ဖြစ်တည်မှုသမိုင်းနှင့် ပထဝီဝင်အနေအထားများကို မှန်မှန်ကန်ကန်သိရှိနားလည်ရန် အမျိုးသားအကျိုးစီးပွားအတွက် အလွန်အ ရေးကြီးမှုတို့ကိုလည်း ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်(စာရေးဆရာကိုကိုလှိုင်)က ဆွေးနွေးဟောပြောခဲ့သည်။

image