ရန်ကုန်တိုင်းတွင် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်ညနေပိုင်းအထိ မှော်ဘီမြို့နယ်၌ မီးလောင်မှု(၃)ကြိမ်အပါအဝင် မီးလောင်မှု(၇)ကြိမ်ဖြစ်ပွားထား (၂)ဦး‌‌ေ-သဆုံး

ရန်ကုန်တိုင်းတွင် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်ညနေပိုင်းအထိ မှော်ဘီမြို့နယ်၌ မီးလောင်မှု(၃)ကြိမ်အပါအဝင် မီးလောင်မှု(၇)ကြိမ်ဖြစ်ပွားထားကာ အမျိုးသမီးကြီး (၂)ဦး‌ေ-သဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
မှော်ဘီမြိုနယ်၊ ဖူးကြီးကျေးရွာအနီးတွင် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က ကွင်းမီးလောင်နေသဖြင့် မှော်ဘီမြို့နယ် မီးသတ်စခန်း၊ တိုက်ကြီးမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲဝင်များကငြှိမ်းသတ်ခဲ့ကြ၍ ညနေ ၄ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နေ့လည် ၁ နာရီ ၃၄ မိနစ်ခန့်ကလည်း မှော်ဘီမြို့နယ်၊ ရှမ်းကုန်းကျေးရွာအနီး၌ ကိုင်းတောမီးလောင်မှုဖြစ်ပွား၍ မှော်ဘီမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီ ၇ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့အတူ နေ့လည် ၁ နာရီ ၂၅ မိနစ်ခန့်ကလည်း မှော်ဘီမြို့နယ်၊ အထယုကျေးရွာ၊ ဓမ္မဓူရဘုန်းကြီးကျောင်းအနီး၌ မြက်ခြောက်မီးလောင်နေသဖြင့် မှော်ဘီမြို့နယ်မီး သတ်စခန်း၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နေ့လည် ၁ နာရီ ၄၅ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒဂုံ(မြို့သစ်)ဆိပ်ကမ်းမြို့နယ်၊ ဒလဘမ်းကျေးရွာ၊ ရွာလယ်လမ်းဘေးတွင် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မြက်ခြောက်မီးလောင်နေသဖြင့် ညောင်ပင်နယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြရာ ည နေ ၅ နာရီတွင်မီးငြိမ်းသွားခဲ့ကာ နံနက် ၁၀ နာရီ ၂၄ မိ နစ်ခန့်ကလည်း ခရမ်းမြို့နယ်၊ ကျုံမရေကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၍ ခရမ်းမြို့နယ်မီးသတ်စခန်းမှတပ် ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၀ နာရီ ၃၄ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့အတူ နံနက် ၂ နာရီ ၃၅ မိနစ်ကလည်း လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်အပိုင်း(၂)၊ ဆိပ်ကမ်းသာလမ်းတွင် ကိုင်းတောမီးလောင်မှုဖြစ်ပွား၍ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၃ နာရီတွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရထားသံ လမ်းဘေးရှိ စတိုးဆိုင်တစ်ဆိုင်တွင် နံနက် ၃ နာရီ ၃၇ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ မရမ်းကုန်းမြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၃ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုကြောင့် အမျိုးသမီးကြီး(၂)ဦး‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

image