ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီး အတွင်းလှိုဏ်ရှိ ဆွေးမြေ့သံဘောင်များကိုပြန်လည်ပြုပြင်မည်
ပဲခူးတိုင်း၊ ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီးအတွင်းလှိုဏ်အတွင်းတည်ဆောက်ထားသည့် ဆွေးမြေ့သံဘောင်များကို ပြန်လည်ပြုပြင်သွားမည်ဖြစ်ရာ ပြု ပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအ ဝေးအား တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။
တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် နိုင်ငံတော်အဆင့်ရှိ စေတီတော်တစ်ဆူဖြစ်၍ ပြုပြင်တည်‌ဆောက်မှုများပြုလုပ်ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အကူအညီရယူကာ ပညာရှင်များဖြင့် အသေးစိတ်စစ်ဆေးချက်များ လုပ်ဆောင်ရမည်ဟု မှာကြားသည်။
ထို့ပြင် ပဲခူးဒေသသည် ငလျင်ကြောပေါ်တွင်တည်ရှိနေ ၍ ငလျင်ဘေးဒဏ်ခံနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စေတီတော်ကြီး၏ အတွင်းလှိုဏ်ထဲရှိ သံထောက်တိုင်များပြုပြင်ရာတွင် စေတီတော်ကြီး၏ အပြင်လုံး ပတ်တော်၌ ရာသီဥတုဒဏ်ကြောင့် အက်ကွဲမှုရှိ/မရှိတစ် ပါတည်းစစ်ဆေးရန်၊ စေတီတော်မြတ်ကြီး၏ ကြံ့ခိုင်မှုစစ်ဆေးချက်ရလဒ်များနှင့် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား သက်ဆိုင်ရာသို့တင်ပြဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတွဲဖက်အ တွင်းရေးမှူးက စေတီတော်မြတ်ကြီးအတွင်းလှိုဏ်ထဲရှိ တည်ဆောက်ထားသော ဆွေးမြေ့သံဘောင်များ စစ် ဆေးထားမှု၊ KMA ကုမ္ပဏီနှင့် KTN Structural Design Group တို့မှတာဝန်ရှိသူများက အတွင်းလှိုဏ်အတွင်း အဆင့်လိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်း လင်းတင်ပြခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် ဆက်လက်၍ တိုင်းဝန်ကြီး ချုပ်သည် စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ တပ် မတော် ကြည်း၊ ရေ၊ လေ မိသားစုဝင်များ၏ အလှူတော်အဖြစ် နေပူခံကျောက်ပြားခင်းနေမှုနှင့် စေတနာရှ င်များ၏လှူဒါန်းမှုဖြင့် သာသနိကအဆောက်အဦများ ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အားကြည့်ရှုစစ်ဆေးခဲ့သည်။

image