6 ပတ် - ဘာသာပြန်ပါ။

ပဲခူးမြို့ ဆင်ဖြူကွင်းအမှိုက်ပုံ မီးလေ-ာင်မှုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဆင်ဖြူကွင်းအမှိုက်ပုံတွင် ယနေ့ ဖေဖော်ဝါရီ (၁၅) ရက် မွန်းလွဲ (၁၂) နာရီ မိနစ် (၅၀) အချိန်တွင် မီးလေ-ာင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသ-တ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါမီးလေ-ာင်ကျွမ်းမှုကို ပဲခူးမြို့နယ်မီးသ-တ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၃) စီး၊ အထောက်အကူပြုယာဉ် (၁) စီး သန္ဓေမီးသ-တ်တပ်ဖွဲ့ဝင်များ ထွက်ခွာငြှိမ်းလျက်ရှိကြောင်းသိရသည်။
နွေရာသီရောက်ရှိလာပြီဖြစ်ရာ အပူရှိန်ကြောင့် မြက်ခြောက်မီးလေ-ာင်ခြင်း၊ အမှိုက်ပုံမီးလေ-ာင်ခြင်းများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်ကို မီးသ-တ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရပြီး ဆင်ဖြူကွင်းအမှိုက်ပုံသည် နှစ်စဉ် မီးလေ-ာင်ကျွမ်းမှုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် ပဲခူးမြို့၏ အမြင့်ဆုံး အပူချိန်မှာ (၃၈) ဒီဂရီဆဲလ်စီးယပ်နှင့် အနိမ့်ဆုံးအပူချိန်မှာ (၁၈) ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့ကြောင်း သိရသည်။

image