6 ပတ် - ဘာသာပြန်ပါ။

ဖားဆောင်းမြို့အား တပ်မတော်က ပြန်လည်တိုက်ခိုက် ထိန်းချုပ်
--------------------------------------------
တပ်မတော်စစ်ကြောင်းတွေက KNPP၊ KNDF အဖွဲ့တွေ နဲ့ PDF အဖွဲ့တွေ ယာယီစိုးမိုးထားတဲ့ ကယားပြည်နယ်၊ ဖား ဆောင်းမြို့ကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြန်လည်တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဖားဆောင်းမြို့ နဲ့ ဒေသတစ်ဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး လိုအပ်တဲ့ ပြင်ဆင်စုဖွဲ့မှုတွေ ဆောင်ရွက်ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်ကစပြီး ဘောလခဲ-ထူးချောင်း-ဖားဆောင်း ဆက်သွယ်ရေး လမ်းကြောင်းရဲ့ အနောက်ဘက်ခြမ်းက စတင်ပြီး အဆင့်ဆင့် ခြေကုပ်ယူပြီး နယ်မြေရှင်းလင်းတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
နယ်မြေရှင်လင်းရေး လုပ်ငန်းတွေကို စစ်နည်းဗျူဟာမြောက် စစ်ကြောင်းတွေ ခွဲပြီး တစ်ဆင့်ပြီး တစ်ဆင့် တိုက်ခိုက် ချေမှုန်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်မှာ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ အမာခံကျေးရွာကြီးတွေဖြစ်တဲ့ နမ့်ကစ်ကျေးရွာ နဲ့ ပါပုကျေးရွာတို့ကို ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးမှ ဖားဆောင်းမြို့ကို ဆက်လက် ရှင်းလင်းချီတက်ခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်မှာ ဖားဆောင်းမြို့ကို အပြီးတိုင် ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲကြီး/ငယ် ၃၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ လက်နက်မျိုးစုံ ၁၇ လက်၊ အကြမ်းဖက်သမား ရုပ်အလောင်းတွေ နဲ့ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး အချို့ ထိခိုက်/ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
အခုလို တပ်မတော်စစ်ကြောင်းတွေက ဖားဆောင်းမြို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် လွိုင်ကော်-ဒီး မော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ဆက်သွယ်ရေး လမ်းမကြီးကို မကြာမီအချိန်မှာ ပြန်လည်ဖွင့်လှစ်နိုင်တော့မှာ ဖြစ် ပြီး လိုအပ်တဲ့ နယ်မြေလုံခြုံရေးလုပ်ငန်းတွေကိုလည်း တိုးမြှင့် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

image