6 ပတ် - ဘာသာပြန်ပါ။

လူတန်လေဆိပ်တွင် ရဲတပ်ဖွဲ့ဝင်အား တိုက်ခိုက်မှုကြောင့် ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လီဗာပူးနှင့် အင်္ဂလန်ယူ-၂၁ စတားဟောင်း
====================
လီဗာပူးနှင့် အင်္ဂလန်ယူ-၂၁ စတားဟောင်းဂျော်ဒန်အိုင်ဘီဟာ ပြီးခဲ့တဲ့လတုန်းက လူတန်လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း သိရပါတယ်။
ဘူလ်ဂေးရီးယားကလပ် လိုကိုမိုးတစ်ဆိုဖီယာတွင် ကစားနေတဲ့ အိုင်ဘီဟာ ဒီဇင်ဘာလလယ်ပိုင်းတုန်းက လူတန်လေဆိပ်သို့ ရောက်လာချိန်တွင် ရဲတပ်ဖွဲ့အား တိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။
အသက် ၃၀ နှစ်ရှိ အိုင်ဘီဟာ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး မတ်လ ၆ ရက်နေ့တွင် ခရွိုင်ဒန်တရားရုံးတွင် အမှုရင်ဆိုင်ရပါမယ်။
သူဟာ အမှုရင်ဆိုင်ရခြင်း မရှိသေးမီ ဘူလ်ဂေးရီးယားသို့ ပြန်သွားခဲ့ပါတယ်။
အိုင်ဘီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက လိုကိုမိုးတစ်ဆိုဖီယာသို့ ပြောင်းခဲ့ပြီးနေက် ကလပ်အတွက် တစ်ပွဲမျှ ကစားခွင့်မရသေးသူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၁၆ ခုနှစ်တုန်းက လီဗာပူးမှ ဘုန်းမောက်သို့ ထိုစဉ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်းပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။
ယခုကစားနေတဲ့ ဘူလ်ဂေးရီးယားကလပ်က အိုင်ဘီအတွက် ကစားသမားဘဝ ၁၁ ခုမြောက်ကလပ်လည်း ဖြစ်ပါတယ်။

image