တံကောက်ကြောဒဏ်ရာရခဲ့တဲ့ ဂီမာရေ့စ် နှစ်လခန့် အနားယူရဖွယ်ရှိ

နယူးကာဆယ်အသင်းခေါင်းဆောင် ဘရူနို
ဂီမာရေ့စ်ဟာ တံကောက်ကြောဒဏ်ရာနဲ့ နှစ်လခန့် အနားယူရဖွယ် ရှိနေပါတယ်။
ဘရာဇီးလ်ကွင်းလယ်လူဟာ စပါးအသင်းကို
၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ ပွဲပြီးခါနီးမှာ ဒဏ်ရာရခဲ့တာဖြစ်တယ်။
၎င်းဟာ ခြေချင်းဝတ်ဒဏ်ရာက ပြန်လာပြီး ဒုတိယပွဲမှာပဲ ဒဏ်ရာထပ်ရသွားခဲ့တာပါ။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ဂီမာရေ့စ်ဟာ ယခင်က တံကောက်ကြောဒဏ်ရာ မရခဲ့ဖူးလို့ အနည်းငယ်စိုးရိမ်စရာလို့ ပြောခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ ဂီမာရေ့စ်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အနိုင်ရာခိုင်နှုန်း ၅၃.၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
နယူးကာဆယ်အနေနဲ့ ကွင်းလယ်လူ ဒဏ်ရာ
ကင်းစင်သူအဖြစ် တိုနာလီ၊ ဝဲလက်ခ်၊ ဂျာကော့ဘ်ရမ်ဆေးတို့ သုံးဦးသာ ကျန်ပါတော့တယ်။
ဂျိုးလင်တန်ကလည်း ပေါင်ခြံဒဏ်ရာနဲ့ နားနေရပြီး မိုင်လေးကတော့ ခြေထောက်ကျိုးထားခဲ့တာ
ဖြစ်ပါတယ်။

image