စီရော်နယ်လ်ဒိုထက် ပွဲပိုနည်းပြီး ဂိုး ၅၀၀ ပြည့်ခဲ့တဲ့ ဟာရီကိန်း
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ
စီရော်နယ်လ်ဒိုထက် ပွဲပိုနည်းပြီး ကစားသမားဘ၀ ဂိုး ၅၀၀ ပြည့်မြောက်ခဲ့ပါတယ်။
ဝါဒါဘရီမင်နဲ့ပွဲမှာ ပယ်နယ်တီအပါအဝင် နှစ်ဂိုးသွင်းခဲ့တဲ့ ဟာရီကိန်းဟာ ဂိုး ၅၀၀ ပြည့်မြောက်ဖို့ ကလပ်နဲ့ နိုင်ငံပွဲ ၇၄၃ ပွဲ ကစားခဲ့ရပါတယ်။
စီရော်နယ်လ်ဒိုကတော့ ၇၅၅ ပွဲအထိ ကစားခဲ့ရလို့ ဟာရီကိန်းက ၁၂ ပွဲ လျော့နည်းခဲ့တာပါ။
အာဂျင်တီးနားဘောလုံးအကျော်အမော် မက်ဆီကတော့ ၆၃၂ ပွဲမှာပဲ ဂိုး ၅၀၀ ပြည့်မြောက်
ခဲ့ပါတယ်။
ဟာရီကိန်းဟာ ကစားသမားဘ၀ ပယ်နယ်တီ ဂိုး ၁၀၀ လည်း ပြည့်မြောက်ခဲ့ပြီး ဘိုင်ယန်နဲ့ ပယ်နယ်တီ ၂၃ ကြိမ်မှာ ရာနှုန်းပြည့် ဂိုးဝင်ခဲ့ပါတယ်။
၎င်းဟာ အခုရာသီ ဘွန်ဒစ်လီဂါ ၂၂ ပွဲမှာ ၂၆ ဂိုး သွင်းယူခဲ့ပြီး ပြိုင်ပွဲစုံ ၃၉ ပွဲမှာလည်း ၄၁ ဂိုး ရှိလာ
ခဲ့ပါတယ်။
ဟာရီကိန်းရဲ့ ဂိုး ၅၀၀ နိုင်ငံလက်ရွေးစင် သွင်းဂိုး ၇၈ ဂိုးနဲ့ ကလပ်သွင်းဂိုး ၄၂၂ ဂိုး ရှိခဲ့တာဖြစ်ပါတယ်။