ကမ္ဘာ့ဖလားလုံခြုံရေး အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ICE ပါဝင်လာမည်
===================
US Immigration and Customs Enforcement (ICE) ဟာ အမေရိကန်က ပူးတွဲကျင်းပလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ပြိုင်ပွဲလုံခြုံရေးအစိတ်အပိုင်းတစ်ရပ်အဖြစ် အဓိကနေရာမှ ပါဝင်လှုပ်ရှားလာပါမယ်။
US Immigration and Customs Enforcement (ICE) အေးဂျင့်များဟာ မင်နီယာပူလစ်တွင် ဒေါ်နယ်ထရမ့်ရဲ့အမိန့်ဖြင့် ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးရေး ကြိုးပမ်းရာတွင် အမေရိကန်နိုင်ငံသား ၂ ဦးအား ပစ်သတ်မှုအတွက် အပြင်းအထန်ဝေဖန်မှုများနှင့် ကြုံနေရပါတယ်။
အဲလက်စ်ပရက်တီနှင့် ရီနီဂုဒ်တို့ သေဆုံးမှုအတွက် အမေရိကန်တလွှား ICE အကြီးအကဲနှင့် စီနီယာဝန်ထမ်းများမှာ လွတ်တော်အမတ်များရဲ့ မေးခွန်းထုတ်ခြင်းခံခဲ့ရပါတယ်။
ယင်းမေးခွန်းထုတ်မှုအစီအစဉ်တွင် ICE မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လုံခြုံရေးအစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လုပ်ဆောင်လာမယ်လို့ အတည်ပြုလာတာလည်း ဖြစ်ပါတယ်။
အမေရိကန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားအား မက္ကဆီကို၊ ကနေဒါတို့နှင့် ပူးတွဲ ကျင်းပလာမှာ ဖြစ်ပါတယ်။ အမေရိကန်က ကမ္ဘာ့ဖလားပွဲ ၇၈ ပွဲ လက်ခံကျင်းပလာမှာ ဖြစ်ပြီး ပူးတွဲ အိမ်ရှင် မက္ကဆီကိုနှင့် ကနေဒါတို့က ၁၃ ပွဲစီ လက်ခံကစားလာပါမယ်။
တဖက်တွင် ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ပရိသတ်များ လုံခြုံရေးအတွက် ဒေသခံအာဏာပိုင်များနှင့် လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုထားပါတယ်။