3 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားမတိုင်မီ နယူးဇီလန်၊ ကော့စတာရီကာတို့နှင့် ခြေစမ်းပွဲကစားလာမယ့် အင်္ဂလန်
=====================
အင်္ဂလန်ဟာ ဇွန်လတွင် ကမ္ဘာ့ဖလားအတွက် ပြင်ဆင်တဲ့အနေဖြင့် ဖလိုရီဒါတွင် နယူးဇီလန်၊ ကော့စတာရီကာတို့နှင့် ခြေစမ်းပွဲ ကစားလာပါမယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မစ်ဆူရီရှိ ကန်ဆက်စ်စီးတီးတွင် အခြေစိုက်လာမှာ ဖြစ်ပါတယ်။
သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားမတိုင်မီ ဖလိုရီဒါတွင် လေ့ကျင့်ခန်းဆင်းစဉ်အတွင်း ဇွန်လ ၆ ရက်နေ့ စနေနေ့တွင် နယူးဇီလန်နှင့်လည်းကောင်း၊ ဇွန်လ ၁၀ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ကောစတာရီကာနှင့်လည်းကောင်း ခြေစမ်းလာပါမယ်။
အင်္ဂလန်ဟာ နယူးဇီလန်၊ ကော့စတာရီကာတို့နှင့်ပွဲအား ဘယ်ကွင်းမှာ ကစားမလဲဆိုတာ မကြေညာသေးပါဘူး။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကန်ဆက်စ်စီးတီးရှိ မေဂျာလိဂ်ကလပ် Sporting Kansas City ပိုင် Swope Soccer Village တွင် လေ့ကျင့်ခန်းဆင်းလာပါမယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များအဖြစ် ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နှင့် ရင်ဆိုင်ကစားရပါမယ်။
၎င်းတို့ဟာ ခရိုအေးရှားနှင့်ပွဲကို ဒဲလ်လက်စ်တွင်လည်းကောင်း၊ ဂါနာနှင့်ပွဲကို ဘော်စတွန်တွင်လည်းကောင်း၊ ပနားမားနှင့်ပွဲကို နယူးဂျာစီတို့တွင်လည်းကောင်း ကစားရပါမယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၅ ပွဲလုံး အနိုင်ရရှိလာတဲ့ နယူးဇီလန်နှင့် နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ခဲ့တာ ၁၉၉၁ ခုနှစ်တုန်းက ဖြစ်ပါတယ်။ ကော့စတာရီကာမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကျထားတဲ့အသင်းဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားအုပ်စုအဆင့်တုန်းက အင်္ဂလန်နှင့် တွေ့ဆုံဖူးကာ ဂိုးမရှိသရေကျခဲ့ပါတယ်။ ယင်းနောက် ၂၀၁၈ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲတွင်လည်း ထပ်မံ တွေ့ဆုံခဲကာ အင်္ဂလန်က ၂-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၈ ပွဲလုံး အနိုင်ရရှိကာ ခြေစစ်ပွဲအောင်မြင်ထားခဲ့တာပါ။

image