3 ရက် - ဘာသာပြန်ပါ။

အသင်းကို ၁၁၄ ရက်သာ ကိုင်တွယ်ရသေးတဲ့ ဒိုင်ချီကို ထုတ်ပယ်ကာ ယခုရာသီ ၃ ဦးမြောက်နည်းပြထုတ်ပယ်လာတဲ့ ဖောရက်စ်
=====================
နော်တင်ဟမ်ဖောရက်စ်ဟာ အသင်းကို ၁၁၄ ရက်သာ ကိုင်တွယ်လာတဲ့ ရှောင်ဒိုက်ချီအား ထုတ်ပယ်ကာ ယခုရာသီ ၄ ဦးမြောက်နည်းပြခန့်အပ်ရေး ရှာဖွေလာပါတယ်။
ဖောရက်စ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက အမှတ်ပေးဇယားကြမ်းခင်းမှ ဝုဗ်နှင့် ဂိုးမရှိသရေကျပြီးနောက် ရာသီသိမ်းရန် ၁၂ ပွဲတည်းသာလိုတော့တဲ့အချိန်တွင် တန်းဆင်းဇုန်နှင့် ၃ မှတ်အကွာတွင် ရပ်တည်နေပါတယ်။
အသက် ၅၄ နှစ်ရှိ ဒိုက်ချီဟာ အောက်တိုဘာလတုန်းက အန့်ပိုစတီကိုဂလူနေရာတွင် ၂၀၂၇ ခုနှစ်နွေရာသီအထိ စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရတာပါ။
အန့်ပိုစတီကိုဂလူမှာ ရာသီအစ ၃ ပွဲတည်းသာ ကိုင်တွယ်ပြီးချိန်တွင် ထုတ်ပယ်ခံခဲ့ရတဲ့ နူနိုအက်စ်ပီရီတိုဆန်တိုနေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပြီး အသင်းကို ၃၉ ရက်တည်းသာ ကိုင်တွယ်ခဲ့ရပြီးနောက် ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒိုက်ချီဟာ ရာသီအစ ၈ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိကာ အဆင့် ၁၈ နေရာတွင် ရပ်တည်နေတဲ့ ဖောရက်စ်အား ကိုင်တွယ်လာရတာ ဖြစ်ပြီး တန်းဆင်းဇုန်ပြိုင်ဘက် ဝက်စ်ဟမ်းအား အနိုင်ရခဲ့တဲ့အပြင် အာဆင်နယ်နှင့် သရေကျကာ ၄ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း ရယူနိုင်ခဲ့ကာ ဇန်နဝါရီလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ဖောရက်စ်ဟာ ယူရိုပါလိဂ်တွင် အဆင့် ၁၃ နေရာမှာ ရပ်တည်ခဲ့ပြီး ယခုလတွင် ပလေးအော့ဖ်ပွဲစဉ်အဖြစ် ဖီနာဘာချီနှင့် ကစားရပါမယ်။
တဖက်တွင် ဖောရက်စ်ဟာ ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲ ၂ ရပ်လုံးမှလည်း ထွက်ခွာထားရပါတယ်။

image