3 ရက် - ဘာသာပြန်ပါ။

အသင်းကို ၈ လကြာသာ ကိုင်တွယ်ရသေးတဲ့ ဖရန့်ကို စပါးစ် ထုတ်ပယ်လာ
======================
စပါးစ်ဟာ အင်္ဂါနေ့တုန်းက နယူးကာဆယ်ကို အိမ်ကွင်းတွင် ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် အသင်းကို ၈ လကြာသာ ကိုင်တွယ်ရသေးတဲ့ နည်းပြသောမတ်စ်ဖရန့်ကို ထုတ်ပယ်လာပြီ ဖြစ်ပါတယ်။
စပါးစ်ဟာ နယူးကာဆယ်အရှုံးကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၆ နေရာတွင် ရပ်တည်လာရပြီး တန်းဆင်းဇုန်နှင့် ၅ မှတ်အကွာသို့ ရောက်နေပါတယ်။
စပါးစ်ဟာ နောက်ဆုံးပရီးမီးယားလိဂ် ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေကာ ၂၀၀၈ ခုနှစ် အောက်တိုဘာလနောက်ပိုင်း မဆိုးရွားဆုံး ပရီးမီးယားလိဂ်နိုင်ပွဲပျောက်မှု ပြဿနာကြုံနေရပါတယ်။
၎င်းတို့ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၇ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရပြီး ၁၂ မှတ်တည်းသာ ရယူထားနိုင်ပါတယ်။
စပါးစ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြအန့်ပိုစတီကိုဂလူအား ထုတ်ပယ်ပြီး သောမတ်စ်ဖရန့်အား ၂၀၂၈ ခုနှစ်အထိ စာချုပ်ဖြင့် ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဖရန့်ဟာ စပါးစ်ကို ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်အောင် စွမ်းဆောင်နိုင်ပေမယ့်လည်း ပရီးမီးယားလိဂ်တွင်လည်း ရလဒ်ကောင်း ရယူပေးနိုင်ခြင်း မရှိမှုနှင့်အတူ ထုတ်ပယ်ခံလာရပါတယ်။
သူဟာ စပါးစ်ကို ချန်ပီယံလိဂ်လိဂ်အဆင့်တွင် အဆင့် ၄ နေရာမှာ ရပ်တည်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ၇ ပွဲနိုင်၊ ၈ ပွဲသရေ၊ ၁၁ ပွဲရှုံးမှတ်တမ်းသာ ရယူထားနိုင်ပါတယ်။
ဒါ့အပြင် စပါးစ်ဟာ ပြည်တွင်းဖလား ၂ လုံးဖြစ်တဲ့ ခါရာဘောင်ဖလားနှင့် အက်ဖ်အေဖလားပြိုင်ပွဲတို့မှလည်း ထွက်ခွာထားရပြီး ဖြစ်ပါတယ်။
စပါးစ်ပရိသတ်များဟာ နောက်ဆုံး ၂ ပွဲဖြစ်တဲ့ နယူးကာဆယ်၊ ဝက်စ်ဟမ်းတို့အား ရှုံးနိမ့်ပြီးနောက် သောမတ်စ်ဖရန့်ကို လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြပြီး "မနက်ကျရင် အထုတ်ခံရတော့မယ်"လို့ သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။
နယူးကာဆယ်ရှုံးပွဲအပြီးတွင် သောမတ်စ်ဖရန့်က သူ့အနာဂတ်နှင့်ပတ်သက်ပြီး အသင်းပိုင်ရှင်ဘက်က အာမခံချက်ပေးထားကြောင်း ပြောဆိုခဲ့ပေမယ့်လည်း နာရီအနည်းငယ်အကြာမှာတော့ ထုတ်ပယ်ခံလာရပြီ ဖြစ်ပါတယ်။
စပါးစ်ဟာ ယခုရာသီ အသင်းရဲ့ အဓိကကစားသမားများ ဒဏ်ရာပြဿနာများစွာ ကြုံနေရတဲ့အပြင် အသင်းခေါင်းဆောင်ရိုမီယိုမှာလည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့ အာဆင်နယ်နှင့် မြောက်လန်ဒန်ဒါဘီပွဲစဉ်အပါအဝင် ပရီးမီးယားလိဂ်ပွဲ ၃ ပွဲ ပွဲပယ်ခံထားရပါတယ်။

image