2 ပတ် - ဘာသာပြန်ပါ။

နွေရာသီတွင် ဆော်ဒီကလပ် Al-Ittihad သို့ ပြောင်းရွှေ့ရေး စတင်ဆွေးနွေးလာတဲ့ မိုဟာမက်ဆာလက်
===================
မိုဟာမက်ဆာလက်ဟာ နွေရာသီတွင် ဆော်ဒီပရိုလိဂ်ထိပ်သီး Al-Ittihad သို့ ပြောင်းရွှေ့ရေး စတင်ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
အီဂျစ်စူပါစတားဟာ ဆော်ဒီထိပ်သီးကလပ် ၄ ခုကို ပိုင်ဆိုင်တဲ့ Public Investment Fund (PIF) ရဲ့ ပစ်မှတ်ထားခြင်းခံလာရတာ ကြာမြင့်ပြီ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်တုန်းက လီဗာပူးနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတွင် ကလပ်၊ နည်းပြဆလော့တို့နှင့် အဆင်မပြေဖြစ်ခဲ့ပြီးနောက် အနာဂတ်မရေမရာ ဖြစ်လာသူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၉ ဂိုးသွင်းကာ ၁၈ ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ဧပြီလတုန်းက စာချုပ်သစ်ချုပ်ဆိုခဲ့ပေမယ့် ယခုရာသီတွင် ပရီးမီးယားလိဂ်ဂိုး ၄ ဂိုးတည်းသာ သွင်းယူထားနိုင်ပါတယ်။
ယနေ့တွင် Foot Mercato ရဲ့ ဖော်ပြလာမှုအရ ဆာလက်နှင့် Al-Ittihad တို့အကြား နွေရာသီတွင် အပြောင်းအရွှေ့ဖြစ်မြောက်လာရေးအတွက် စတင် ဆွေးနွေးမှုများ ပြုလုပ်လာကြောင်း သိရပါတယ်။ ဆာလက်နှင့် Al-Ittihad တို့ဟာ ယခင်တုန်းကလည်း အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြဖူးပါတယ်။
ဆော်ဒီပရိုလိဂ်ဟာ ခရစ္စတီယာနိုရော်နယ်ဒို၊ ဘန်ဇီးမား၊ ဆာဒေယိုမာနေးတို့ကို ပိုင်ဆိုင်ထားပြီး ဖြစ်ပေမယ့်လည်း နောက်ထပ် စူပါစတားများ ခေါ်ယူကာ လိဂ်ကို လူပိုစိတ်ဝင်စားလာအောင် ပြုလုပ်လိုနေပါတယ်။
လက်ရှိချန်ပီယံ Al-Ittihad ဟာ ယခုရာသီတွင် ထိပ်ဆုံးမှ Al-Hilal နှင့် ရမှတ် ၁၆ မှတ်အထိ ကွာဟကာ အ ဆင့် ၇ နေရာတွင် ရပ်တည်နေရပါတယ်။

image