4 ပတ် - ဘာသာပြန်ပါ။

ဂိုး ၂၀ သွင်းထားတဲ့ တိုက်စစ်မှူး ဒူးအရွတ်ဒဏ်ရာရရှိလာမှုနှင့်အတူ ကမ္ဘာ့ဖလားအတွက် ထိုးနှက်ချက်ကြုံလာရတဲ့ စပိန်အသင်း
=====================
စပိန်ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုမှာ တိုက်စစ်မှူးဆာမြူအက်ဟီဟိုဝါ ဒဏ်ရာပြင်းထန်စွာ ရရှိလာမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
ပေါ်တိုစတားဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ် ဂိုး ၂၀ သွင်းထားသူ ဖြစ်ပြီး လူးဝစ်ဒီလာဖူအန်တီရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းတွင် ပါဝင်ရန် သေချာသလောက် ရှိနေသူလည်း ဖြစ်ပါတယ်။
အက်ဂီဟိုဝါဟာ တနင်္လာနေ့ညတုန်းက စပို့တင်းလစ္စဘွန်းနှင့် တစ်ဂိုးစီသရေကျတဲ့ လီဂါပေါ်တူဂီပွဲစဉ်တွင် ဒူးအဆစ်လွဲကာ ဒူးအရွတ်ဒဏ်ရာရရှိသွားခဲ့ပါတယ်။
အက်ဟီဟိုဝါရဲ့ ဒဏ်ရာအတိမ်အနက်ကို လာမယ့်ရက်များတွင် ဆက်လက် စမ်းသပ်မှု ခံယူရဦးမှာ ဖြစ်ပေမယ့်လည်း ဒူးအရွတ်ဒဏ်ရာဖြစ်တာကြောင့် ကာလရှည်ကြာ အနားယူလာရတော့မှာလည်း ဖြစ်ပါတယ်။
အသက် ၂၁ နှစ်ှရိ အက်ဟီဟိုဝါဟာ ပေါ်တိုအတွက် ၇၇ ပွဲကစားထားရာမှာ ၄၇ ဂိုးသွင်းထားသူ ဖြစ်ပါတယ်။
သူဟာ စပိန်အသင်းတွင် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိနေခြင်း မရှိပေမယ့်လည်း လူစာရင်းတွင် ရွေးချယ်ခြင်းခံလာရသူ ဖြစ်ပါတယ်။
လက်ရှိ ယူရိုချန်ပီယံစပိန်အသင်းဟာ အက်ဟီဟိုဝါ ဒဏ်ရာရရှိလာမှုနှင့်အတူ ကျောနံပါတ် ၉ တိုက်စစ်မှူးမီခေးလ်အိုယာဇာဘယ်ရဲ့ အရန် တိုက်စစ်မှူးအဖြစ် အသုံးပြုရေး ကစားသမားရှာဖွေလာရတော့မှာ ဖြစ်ပါတယ်။
ဒီလာဖူအန်တီအနေဖြင့် ဝါရင့်တိုက်စစ်မှူးမိုရာတာ၊ ဆဲလ်တာဗီဂိုရဲ့ ဘော်ဂျာအိုင်ဂလီစီယက်စ်၊ ဗယ်လီကာနိုရဲ့ ဂျော်ဂျီဒီဖရူတို့စ်တို့ကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

image