လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရာတွင် မသက်ဆိုင်သူများထံမရောက်ရှိစေရေးအလေးထားဆောင်ရွက်ရမည်
လူသားချင်းစာနာထောက်ထားမှုအကူအညီများပေး အပ်မှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၉ ရက်ကကျင်းပခဲ့သော မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၈) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မြေပြင်၌လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့များနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
ထို့ပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရာတွင်ဘက်လိုက်မှုမရှိပဲ မျှတစွာပေးအပ်နိုင်ရေး၊ မသက်ဆိုင်သူများထံမရောက်ရှိစေရေး၊ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားသည့် အဖွဲ့အစည်းများထံ အကူအညီအထောက်အပံ့များမရောက်ရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားသည်။
ထို့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အမျိုး သားအဆင့်အဖွဲ့အစည်းဖြစ်၍ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းများတွင် ကြက်ခြေနီအခြေခံမူများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်သလို နိုင်ငံအကျိုး၊ ပြည်သူလူထုအကျိုးအတွက် အထူးအ လေးထားဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၈) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နှင့် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တို့တွင်ကျင်းပလျက်ရှိသည်။

image