မြန်မာနိုင်ငံအနေဖြင့် အာဆီယံမိတ်ဖက်နိုင်ငံများမှ ခရီးသွားဈေးကွက်ရရှိအောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဟု ဟို တယ်/ခရီး ဝန်ကြီး တိုက်တွန်း
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံများမှ ခရီးသွားဈေးကွက်ကို ရရှိနိုင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး JengPhang နော်တောင်က တိုက်တွန်းသည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြု လုပ်ခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ တွင် အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းဆုရရှိသူများအား ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား၌ ဝန်ကြီးက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးကတိုက်တွန်း ပြောကြားရာတွင် အာဆီယံဒေသတွင်းသို့ နိုင်ငံတကာခရီးသွားဧည့်သည်ရောက်ရှိမှုအ နေဖြင့် ၂၀၂၄ ခုနှစ်တွင်(၁၃၈) သန်းနှင့် ၂၀၂၅ ခုနှစ်တွင် (၁၄၄) သန်း အသီးသီးတိုးတက်ဝင်ရောက်လည်ပတ်ကြသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေထက် ကျော်လွန်သွားခဲ့ကြောင်း ဆိုသည်။
ထူးခြားချက်အနေဖြင့် အာဆီယံဒေသတွင်းသို့ လာရောက်လည်ပတ်သည့် ခရီး သွားဧည့်သည် စုစုပေါင်းအရေအတွက် ၏ ထက်ဝက်ခန့်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်လည်ပတ်မှုဖြစ်သည့်အတွက် Intra- ASEAN ခရီး သွားလုပ်ငန်းများ၏ အရေးပါမှုကို သတိ ပြုမိစေလိုပြီး မြန်မာနိုင်ငံအနေဖြင့် ယင်းခရီးသွားဈေးကွက်ကိုရရှိနိုင်ရန်သာမက အာဆီယံ၏မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံများမှ ခရီးသွားဈေးကွက်ကို ရရှိနိုင်အောင် အားလုံးဝိုင်း ဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ် သည်ဟု ၄င်းက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံအ‌နေဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီး သွားများအား ပြည့်စုံကောင်းမွန်သောဝန် ဆောင်မှု၊ ယုံကြည်စိတ်ချရပြီး အရည် အသွေးမြင့်မားသောအတွေ့အကြုံကောင်းများ ဖန်တီးပေးနိုင်ရေးနှင့် လည် ပတ်ချင်စရာ ခရီးစဉ်ဒေသတစ်ခုဖြစ်စေရေးတို့အတွက် အာဆီယံခရီးသွားလုပ် ငန်းစံနှုန်းများနှင့်အညီ လိုက်ပါအကောင် အထည်ဖော်ဆောင်ရန်လိုကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု(၂၄) ဆုရရှိခဲ့ပြီး ဆုများစတင်ပေးအပ်ချီးမြှင့်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ယနေ့အချိန်အထိ စုစု ပေါင်းစံနှုန်းဆု (၁၅၈)ဆုကို နှစ်အလိုက် အသီးသီးရရှိထားကြောင်း သိရသည်။

image