ကျိုင်းတုံနည်းပညာအထက်တန်းကျောင်း၌ နာရီဝက်ခန့်ကြာမီးလေ-ာင်မှုဖြစ်
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ နည်းပညာအထက် တန်းကျောင်းဝန်းအတွင်း၌ ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်မွန်းလွဲ ၂ နာရီခွဲကျော်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ကျိုင်းတုံမြို့နယ်၊ နည်းပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ ယာယီကျောင်းသားအဆောင်နှင့် စတိုဆောင်တို့တွင် မီးလေ-ာင်မှုဖြစ်ပွား၍ ကျိုင်းတုံခရိုင်/မြို့ နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၃ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ထိခိုက်ဒ-ဏ်ရာရရှိမှုနှင့် သေဆုံးမှုမရှိခဲ့ဘဲ မီးလေ-ာင်မှုဖြစ်ပွားခဲ့သည့် အဆောက်အအုံများတွင် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။