နိုင်ငံတော် ယာယီသမ္မတမှ MSME ပြခန်းများကိုကြည့်ရှုအားပေး
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့လည်ပိုင်းက ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ရှိ ပြခန်းများအားကြည့်ရှုအားပေးခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတမှ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပဈေးကွက်ချိတ် ဆက်ရေးလုပ်ငန်းအဖွဲ့ပြခန်း၊ ပြည်တွင်းဈေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့ပြခန်း၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့ ပြခန်းများအတွင်း MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များ၏ ပြည်တွင်းပြည်ပဈေးကွက်ရရှိရေး တွေ့ ဆုံဆွေးနွေးချိတ်ဆက်နေမှုများကိုကြည့်ရှုအားပေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးဌာနပြခန်းများနှင့် အရောင်းပြခန်းတစ်ခုချင်းစီအလိုက်ကြည့်ရှုလေ့လာခဲ့ပြီး ပြခန်းတာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတနှင့်အတူ ကော်မရှင် ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံ တော်ဝန်ကြီးချုပ်ဦးညိုစော၊ အမှုဆောင်ချုပ်ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလည်းကြည့်ရှုခဲ့ကြသည်။

image