ယူနိုက်တက်၊ မန်စီးတီး၊ ချဲလ်ဆီးတို့က ပေါင်သန်း ၁၀၀ ဖြင့် အပြိုင် ကြိုးပမ်းနေတဲ့ ဆန်ဒရိုအနာဂတ်နှင့်ပတ်သက်ပြီး နယူးကာဆယ် ရှင်းလင်းပြတ်သားစွာဆုံးဖြတ်လာ
=====================
နယူးကာဆယ်ဟာ ချဲလ်ဆီး၊ မန်စီးတီးနှင့် ယူနိုက်တက်တို့က ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူရေး အပြိုင်ကြိုးပမ်းခြင်းခံနေရတဲ့ ဆန်ဒရိုတိုနာလီရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်း ပြုလုပ်လာပါတယ်။
နယူးကာဆယ်ဟာ အေစီမီလန်ကွင်းလယ်ကစားသမားဟောင်းကို ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူရေး ကြိုးပမ်းခြင်းခံနေရပေမယ့်လည်း အသင်းရဲ့ အနာဂတ်စီမံကိန်းတွင် အဓိကနေရာမှ ပါဝင်နေမှုနှင့်အတူ လုံးဝ ရောင်းချလာမှာ မဟုတ်ပါဘူး။
တဖက်တွင် နယူးကာဆယ်ဟာ နွေရာသီတွင် အလက်ဇန္ဒားအီဆက်ခ်ရဲ့ အခြေအနေမျိုး ထပ်မံ မကြုံလာစေရေးအတွက်လည်း လုပ်ဆောင်လာပါမယ်။
ဆန်ဒရိုတိုနာလီဟာ ယခုရာသီတွင် နယူးကာဆယ်အသင်းရဲ့ ရလဒ်ပိုင်း ဆိုးရွားနေမှုနှင့်အတူ နွေရာသီတွင် ထွက်ခွာရေး အလေးအနက်ထား စဉ်းစားနေကြောင်း သတင်းထွက်နေပါတယ်။
ဒါပေမယ့် ယနေ့တွင် INews ရဲ့ ဖော်ပြလာမှုအရ နယူးကာဆယ်အသင်းဘုတ်အဖွဲ့ဝင်များက တိုနာလီကို လုံးဝ မရောင်းချရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ရာသီအကုန်တွင် ဝါရင့်ကွင်းလယ်ကစားသမားကက်စ်မီရို ထွက်ခွာလာမှာ ဖြစ်လို့ ကွင်းလယ်ကစားသမား မဖြစ်မနေ ခေါ်ယူရန် လုပ်ဆောင်နေပြီး တိုနာလီမှာ လျာထားစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေပါတယ်။
တဖက်တွင် ချဲလ်ဆီးကလည်း တိုနာလီအား ခေါ်ယူရေး စိတ်ဝင်စားနေသလို အယ်ခ်မာပါရမီရှင်ကီးစ်စမစ်ကိုလည်း လျာထားကြောင်း သိရပါတယ်။
တိုနာလီဟာ လောင်းကစားမှုကြောင့် ၁၀ လပွဲပယ်ခံရစဉ်အတွင်း ကလပ်ဘက်က အပြည့်အဝအကူအညီပေးခဲ့မှုအတွက် ကျေးဇူးတင်နေပေမယ့်လည်း လာမယ့် ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာခြင်း မရှိပါက စိတ်အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

image