1 ပတ် - ဘာသာပြန်ပါ။

ဟယ်ရီကိန်းအား ခေါ်ယူရန် ဆော်ဒီကလပ်များ ဆက်သွယ်လာ
===================
ဆော်ဒီကလပ်များဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မတိုင်မီ ဟယ်ရီကိန်းအား ခေါ်ယူရေး ဆက်သွယ်မှု ပြုလုပ်လာကြောင်း Kicker ရဲ့ ဖော်ပြမှုအရ သိရပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘိုင်ယန်မြူးနစ်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့်လည်း စာချုပ်အတွင်းတွင် ထွက်ခွာနိုင်မယ့်အချက် ထည့်သွင်းထားသူ ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင်လည်း ဘွန်ဒက်စ်လီဂါဂိုး ၂၄ ဂိုးအပါအဝင် ၄၅ ဂိုးအထိ သွင်းယူကာ ထိပ်တန်းခြေစွမ်းဖြင့် ဆက်လက်ကစားနေသူလည်း ဖြစ်ပါတယ်။
Kicker ရဲ့ဖော်ပြလာမှုအရ အင်္ဂလန်အသင်းခေါင်းဆောင်ကို Al-Ahli နှင့် Al-lttihad တို့က ဆက်သွယ်လာကြောင်း သိရပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘိုင်ယန်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့်လည်း စာချုပ်အတွင်းတွင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ ဖြင့် ထွက်ခွာနိုင်မယ့်အချက် ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဒါပေမယ့် ယခုရာသီတွင် ဘိုင်ယန်အတွက် ပွဲ ၄၀ ကစားထားရာမှာ ၄၅ ဂိုးသွင်းပြီး ၉ ကြိမ်ဖန်တီးထားတဲ့ ဟယ်ရီကိန်းကိုယ်တိုင်ကရော ကလပ်ဘက်က စာချုပ်သစ်ချုပ်ဆိုလိုနေကြပါတယ်။
ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်ကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်း မြူးနစ်တွင် မိသားစုမှာ ကောင်းစွာ အထိုင်ကျနေမှုနှင့်အတူ ဂျာမနီတွင်ပင် ဆက်ကစားလိုနေပြီး ဆော်ဒီသို့ သွားကစားလို စိတ်ရှိ/မရှိ မသိရသေးပါဘူး။
တဖက်တွင် ဟယ်ရီကိန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အနာဂတ်နှင့်ပတ်သက်ပြီး စဉ်းစားလာဖို့ မရှိဘဲ ပြိုင်ပွဲပြီးဆုံးလာချိန်တွင်မှ စဉ်းစားလာနိုင်ပါတယ်။

image