1 ပတ် - ဘာသာပြန်ပါ။

၅ ပွဲဆက် အနိုင်မရလို့ ၄၉၃ ရက်တိုင်တိုင် ဆံပင်မညှပ်လာခဲ့တဲ့ စူပါပရိသတ်နှင့်ပတ်သက်ပြီး မိုက်ကယ်ကာရစ် တုံ့ပြန်လာ
=====================
မိုက်ကယ်ကာရစ်မှာ ယနေ့ည ဝက်စ်ဟမ်းနှင့် ကစားရမယ့် London Stadium ပွဲစဉ်တွင် အနိုင်ရရှိကာ ၅ ပွဲဆက် အနိုင်ရရှိ‌လိုတဲ့ အကြောင်းပြချက်များစွာ ရှိနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်ယာယီနည်းပြဟာ ယူနိုက်တက်စူပါပရိသတ်ဖရန့်အီလက်ကို ဆံပင်ညှပ်စေလိုတဲ့အတွက် ၅ ပွဲဆက် နိုင်ပွဲ ရရှိလိုမှုကတော့ စာရင်းထဲမှာ မပါဝင်ပါဘူး။
The United Strand လို့ ဆိုရှယ်မီဒီယာတွင် လူသိများတဲ့ စူပါပရိသတ်ဟာ ၅ ပွဲဆက် နိုင်ပွဲမရလျှင် ဆံပင်မညှပ်လို့ စိန်ခေါ်ပြီးနောက် ၄၉၃ ရက်တိုင်တိုင် ဆံပင်မညှပ်လာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ရက် ၅၀၀ ကြာ ဆံပင်မညှပ်ဘဲနေလာမှုအား အဆုံးသတ်နိုင်ရေး မျှော်လင့်ချက်ဖြင့် ယနေ့ည ဝက်စ်ဟမ်းပွဲကို တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်လာပါမယ်။
ဒါပေမယ့် မိုက်ကယ်ကာရစ်ကတော့ "ဒါကို သတိထားမိပါတယ်။ ကျွန်တော့်ကလေးတွေကလည်း ဒါကို သတိထားမိအောင် ပြောကြပါတယ်။ ဒါပေမယ့် ဒါကို Team Talk မှာ ထည့်သွင်းပြောဆိုလာမှာ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ်အဆင့်မှာ ဒါကို ပြောစရာ မလိုပါဘူး။ ဒါကို နားလည်ပါတယ်။ ဒါဘာဖြစ်နေတယ်ဆိုတာ သိပါတယ်။ ပြီးတော့ ဒါက ကျွန်တော့်ကို ပြုံးစေတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ဒါက ဘာမှ ရိုက်ခတ်လာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ကာရစ်လက်ထက်တွင် မန်စီးတီး၊ အာဆင်နယ်၊ ဖူလ်ဟမ်၊ စပါးစ်တို့အား အနိုင်ရထားပြီး ၅ ပွဲဆက် နိုင်ပွဲ ရရှိရေး ယနေ့ညတွင် ကြိုးပမ်းရပါမယ်။
ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၈ နေရာတွင် ရပ်တည်နေပြီး တန်းမဆင်းရရေး တိုက်ပွဲဝင်နေပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲတွင် ၄ ပွဲအထိ အနိုင်ရရှိထားပါတယ်။

image