ဦးလေးစောမောင်ဟာ အရင်က အလုပ်ကြမ်းတွေကြောင့် ပင်ပန်းနွမ်းနယ်ပြီး သွေးပျစ်တာ၊ ခြေလက်ကျင်တာနဲ့ ခေါင်းမူးဝေတာတွေကို မကြာခဏ ခံစားခဲ့ရပါတယ်။ သွေးတိုးနဲ့ အဆီဓာတ်လည်း ရှိနေတာကြောင့် ဆေးဝါးတွေချည်းပဲ အားမကိုးချင်ဘဲ လူကြီးတွေ ညွှန်းဆိုကြတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှောက်နူသီး ပြုတ်ရည် ကို စမ်းသပ်သောက်သုံးခဲ့ပါတယ်။
ပုံမှန်လေး သောက်ကြည့်တဲ့အခါ ဦးလေးက "ကိုယ်လက်တွေ ပေါ့ပါးသွားသလိုပဲ" လို ပြောပါတယ်။ သွေးလေလည်ပတ်မှု ကောင်းမွန်လာလို လက်ခြေကျင်တာတွေ သက်သာသွားပြီး မနက်ခင်းမှာ ပိုမိုလန်းဆန်းလာသလို၊ သွေးတိုးလည်း ပုံမှန်ပြန်ဖြစ်လာတယ်လို ဆိုပါတယ်။
သွေးကြောအဆီပိတ်တာ၊ သွေးပျစ်တာနဲ့ သွေးတိုးရောဂါကြောင့် စိတ်ညစ်နေရသူတွေအနေနဲ့ မိမိခန္ဓာကိုယ်နဲ့ ကိုက်ညီမှုရှိမရှိ ဦးလေးစောမောင်လိုပဲ စမ်းသောက်ကြည့်ဖို တိုက်တွန်းထားပါတယ်။
ရရှိနိုင်မည့် အကျိုးကျေးဇူးများ
သွေးသန့်စင်စေခြင်း: သွေးတွင်းရှိ အဆီပိုတွေကို ဖယ်ရှားပေးပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။
အကြောအချဉ်ပြေခြင်း: သွေးပျစ်လိုဖြစ်တတ်တဲ့ ခြေလက်ထုံကျင်တာတွေကို သက်သာစေပါတယ်။
သွေးတိုးကျစေခြင်း: သွေးတိုးကို ထိန်းညှိပေးပြီး သွေးကြောပိတ်နိုင်ခြေကို လျှော့ချပေးပါတယ်။
အစာကြေလွယ်ခြင်း: ကိုယ်ခံအားကို မြှင့်တင်ပေးပြီး လေပွတာ၊ ဗိုက်ကယ်တာတွေကို ပျောက်ကင်းစေပါတယ်။
စိတ်ကြည်လင်စေခြင်း: ရှောက်နူသီးနံ့ကြောင့် သောက်ရလွယ်ကူပြီး စိတ်ကို လန်းဆန်းစေပါတယ်။
ပြုလုပ်ပုံ အဆင့်ဆင့်
ကြက်သွန်ဖြူ ၅ တက်မှ ၇ တက်ခန့် (ဓားပြားရိုက်ပါ)
ကြက်သွန်နီ ၂ လုံး သိုမဟုတ် ၃ လုံး (ဓားပြားရိုက်ပါ)
ရှောက်နူသီး ၁ လုံး (အကွင်းလိုက်လှီးပြီး အစေ့ထုတ်ပါ)
ရေ ၁ လီတာ ထဲတွင် အားလုံးထည့်ကာ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် မီးအေးအေးဖြင့် ဆူအောင်ပြုတ်ပါ။
အရည်ကို စစ်ယူပြီး မနက် သိုမဟုတ် ညနေ တစ်နေ့ တစ်ဖန်ခွက် ခပ်နွေးနွေး သောက်သုံးပေးပါ။
အရေးကြီးသော သတိပေးချက်
ဤနည်းလမ်းသည် ရိုးရာဆေးနည်းဖြစ်၍ အစားအသောက် ဆင်ခြင်ရန်လည်း လိုအပ်ပါသည်။ ရောဂါအခံကြောင့် ဆေးကုသမှု ခံယူနေရသူဖြစ်ပါက မသောက်သုံးမီ တတ်ကျွမ်းသူ ဆရာဝန်နှင့် ဦးစွာတိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါတယ်။

image