ဆီးလမ်းကြောင်း သိုမဟုတ် သည်းခြေအိတ်မှာ ကျောက်တည်နေသူများအတွက် ခွဲစိတ်ရန်မလိုဘဲ သဘာဝနည်းဖြင့် ကျောက်များကျေပြီး ကျွတ်ထွက်စေမည့် ရိုးရာဆေးနည်းကောင်း တစ်ခုကို မျှဝေပေးလိုက်ပါသည်။ ဤနည်းလမ်းသည် ရှေးလူကြီးများ လက်ဆင့်ကမ်း အသုံးပြုခဲ့ကြပြီး ထိရောက်မှုရှိသော နည်းလမ်းဖြစ်ပါသည်။
ကျောက်ချေနည်း (၇ ရက်အတွင်း သက်သာစေမည့်နည်း)
ပါဝင်ပစ္စည်းများ:
ကျောက်ချဉ်: (ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပါသည်)
မန်ကျည်းမှည့်: (အသားကို အပြားလိုက် ဖြန့်၍ရသော အသားကောင်းဖြစ်ရပါမည်)
ပြုလုပ်နည်းနှင့် သုံးစွဲပုံ:
ကျောက်ချဉ်ကို ညက်ညက်လေးဖြစ်အောင် အမှုန့်ကြိတ်ထားပါ။
မန်ကျည်းမှည့်အသားကို လက်ဖဝါးပေါ်တွင် ပါးပါးလေးဖြစ်အောင် အပြားလိုက် ဖြန့်လိုက်ပါ။
ဖြန့်ထားသော မန်ကျည်းမှည့်အလယ်တွင် ကျောက်ချဉ်အမှုန့်ကို လက်ဖက်ရည်ဇွန်း အဖျားလေးပမာဏခန့် (အနည်းငယ်သာ) ထည့်ပါ။
ထိုနောက် ကျောက်ချဉ်အမှုန့်များ လုံသွားအောင် မန်ကျည်းမှည့်ဖြင့် အလုံးလေးဖြစ်အောင် သေချာလုံးပေးပါ။
တစ်နေ့လျှင် တစ်လုံး၊ မိမိအဆင်ပြေသည့် အချိန်တွင် စားသုံးနိုင်ပါသည်။
၃ ရက်မှ ၇ ရက်အထိ ဆက်တိုက် စားပေးပါက ကျောက်များ ကျေပျက်ပြီး ကျွတ်ထွက်လာသည်ကို တွေ့ရပါလိမ့်မည်။
မှတ်ချက်: ကျောက်ချဉ်နှင့် မန်ကျည်းမှည့်တိုတွင် ကျောက်များကို ကျေပျက်စေနိုင်သည့် သဘာဝဂုဏ်သတ္တိများ ပါဝင်ပါသည်။ ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါးသောကြောင့် စမ်းသပ်ကြည့်နိုင်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။
လူသားအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။