ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ရုံးပတီသီးပြုတ်ရည်၏ အာနိသင်များ
ရုံးပတီသီးမှာ ကျန်းမာရေးအတွက် ကောင်းမွန်စေသောအာဟာရဓာတ်များစွာပါဝင်နေပြီး ရုံးပတီသီး စားသုံးပေးခြင်းက ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
အခုပြောပြပေးမယ့် အကြောင်းအရာကတော့ ရုံးပတီသီး ပြုတ်ရည်ပြုလုပ်ပုံနဲ့ သူရဲ့ ဆေးဖက်ဝင်ပုံတွေပဲ ဖြစ်ပါတယ်။
ရုံးပတီသီးပြုတ်ရည် ပြုလုပ်ပုံ အဆင့်ဆင့်.....
ရုံးပတီသီး ၃ - ၄ တောင့်လောက်ကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
အသီးရဲ့ အဖျားကို ဖြတ်ပြီး အလျားလိုက် လှီးလိုက်ပါ။ ပြီးလျှင် အိုးတစ်လုံးထဲသို ထည့်ပါ။
အိုးထဲသို ရေသန့် ငါးကြင်းဖန်ခွက် နှစ်ခွက်စာ ထည့်ပြီး ပြုတ်ပါ။
ရေက အစိမ်းဖျော့ရောင် ပြောင်းသွားသည်အထိ (၁၀ - ၁၅) မိနစ်ခန့် ပြုတ်ပါ။
ပြီးတဲ့အခါ အရည်ကို ဖန်ခွက်ထဲ စစ်ထည့်ပြီး အနည်းငယ် အေးအောင် ထားပါ။ မနက်ခင်း ဗိုက်ထဲမှာ ဘာမှ မရှိတဲ့အချိန် နွေးနွေးလေး သောက်ပေးပါ။
အရသာနဲ့ လန်းဆန်းမှုကို ပိုတိုးစေဖို သောက်ခါနီး သံပုရာရည် အနည်းငယ် ညှစ်ထည့်ပါ။
ချိုချင်လျှင် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် အနည်းငယ် ထည့်နိုင်ပါတယ်။
ရုံးပတီသီးပြုတ်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများ....
ရုံးပတီသီးပြုတ်ရည် သောက်သုံးပေးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အစာခြေစနစ်ကို ကောင်းမွန်စေတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။
ခန္ဓာကိုယ် ရေဓာတ် လုံလောက်စွာ ရရှိစေတယ်။ သွေးတွင်း သကြားဓာတ် ပမာဏကို မျှတအောင် ထိန်းသိမ်းပေးနိုင်တယ်။ ကိုယ်အလေးချိန်ကို မျှတစေဖို ထောက်ကူပေးတယ်။
ခန္ဓာကိုယ်ရဲ့ သဘာဝ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ ကြွက်သားတွေကို ပြန်လည် နိုးကြားစေတယ်။
စွမ်းအင်ကို တိုးစေတယ် အဆစ်အမြစ် ကိုက်ခဲတာကို သက်သာစေတယ်။ အသားအရေကို စိုပြေလှပစေနိုင်ပါတယ်။
သဘာဝ ဟင်းသီးဟင်းရွက်များကို စားသုံးခြင်းဖြင့် မိမိကျန်းမာရေးကို ဂရုစိုက်ပါလို အကြံပြုလိုက်ပါတယ်....။
with respect - credit

image