4 d - Translate

ကင်ဆာရောဂါကြောင့် သေဆုံးရတော့မယ့် သူငယ်ချင်းကို နောက်ဆုံးအနေနဲ့ တွေ့ဆုံပြီး ဘီယာအတူသောက်ဖို မိုင် ၁၄၀၀၀ ခရီးနှင်ခဲ့သူ
အမျိုးသားတစ်ဦးဟာ ကင်ဆာရောဂါကြောင့် သေဆုံးရတော့မယ့် သူငယ်ချင်းဖြစ်သူကို နှုတ်ဆက်ဖို တစ်ရက်တာခရီးအတွက် မိုင် ၁၄၀၀၀ ခရီးနှင်ခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် ဘော့ဘ် ဝေါလ်ကာ ဆိုတဲ့အဲ့ဒီအမျိုးသားက ဒီဇင်ဘာလကမှ ကင်ဆာရောဂါနောက်ဆုံးအဆင့်ဖြစ်နေတယ်ဆိုတာ သိခဲ့ရတဲ့ သူငယ်ချင်းဖြစ်သူ အသက် ၈၂ နှစ်အရွယ် ပီတာ ဂေါဒ်နဲ့ အချိန်ကုန်ဆုံးချင်လို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာကနေ စကော့တလန်နိုင်ငံ၊ အာဘရော့သ်ဆီ ခရီးနှင်ခဲ့တာပါ။
သူတိုနှစ်ဦးက ဆယ်စုနှစ် ၄ စုကျော်ကြာ သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။ ၁၉၈၀ ပြည့်နှစ်က ပါပူအာ နယူးဂီနီမှာ လေယာဉ်အင်ဂျင်နီယာတွေအဖြစ် အလုပ်လုပ်ရင်း သူတို ပထမဆုံးတွေ့ဆုံခဲ့ကြပါတယ်။
အသက်ရှင်နေထိုင်ရပ်တည်ဖိုအတွက် တစ်နိုင်ငံတည်းမှာ မနေထိုင်ခဲ့ကြပေမဲ့ အဆက်အသွယ်မပြတ်အောင်နေခဲ့ကြပါတယ်။ သူတိုက Manchester Airport မှာလည်း အတူတူအလုပ်လုပ်ခဲ့ကြပြီး သူတိုမိသားစုကလည်း ပိုပြီးရင်းနှီးလာခဲ့ကြပါတယ်။
ဘော့ဘ်က သူ့သူငယ်ချင်းအကြောင်း ကြားတာနဲ့ ခရီးထွက်ဖို ပြင်ဆင်ခဲ့တာပါ။ နောက်ဆုံးနှုတ်ဆက်နိုင်တဲ့ အခွင့်အရေးတွေအများကြီးမရှိတဲ့အတွက် ဒီခရီးကို တကယ်သွားချင်ခဲ့တယ်လို ဘော့ဘ်က ပြောပါတယ်။ ပြည်ပမှာ အလုပ်အတူတူလုပ်ရင်း အတူတူသောက်ခဲ့ကြတဲ့ South Pacific Lager ဘီယာကိုလည်း သူနဲ့အတူ ယူဆောင်လာခဲ့ပါတယ်။ အဲ့ဒီဘီယာရဖို ဆက်သွယ်ကြည့်တော့ ဗူးအနည်းငယ်ပဲကျန်တော့တာပါ။ ရောင်းတဲ့သူက သူတိုနှစ်ဦးအကြောင်းကို သိရပြီး ဘီယာတွေကို လှူပေးခဲ့ပါတယ်။
ဘော့ဘ်လာလည်တာက Surprise ဖြစ်ခဲ့ရပြီး အဖေဖြစ်သူကို သူ့ရဲ့သူငယ်ချင်းနဲ့ ပြန်လည်ဆုံစည်းရတာကို မြင်တွေ့ရတာဟာ မိသားစုအတွက် နှစ်သိမ့်မှုဖြစ်စေသလို သူတို အမြဲအမှတ်ရနေမယ့် အခိုက်အတန့်တစ်ခုလည်းဖြစ်တယ်လို ပီတာရဲ့သမီးက ပြောပါတယ်။
ဘော့ဘ်က နောက်နေ့ကျ အင်ဒိုနီးရှားကို ပြန်သွားခဲ့ပါတယ်။ ဘော့ဘ်က ဒီဝေးကွာလှတဲ့ ခရီးစဉ်က သူငယ်ချင်းဖြစ်သူနဲ့ လူကိုယ်တိုင်တွေ့ဆုံခွင့်ရတာနဲ့ ယှဉ်ရင် မပြောပလောက်ပါဘူးတဲ့။

image